Celebrity News

ကြည့်ပြီးရင် နောင်တမရစေမဲ့ Xiao Zhan ရဲ့ အကောင်းဆုံးဇာတ်လမ်းတွဲ (၅) ခု

Idol တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့တဲ့ Xiao Zhan ဟာ သရုပ်ဆောင်နယ်ပယ်ထဲကို စတင်ကူးပြောင်းစဉ်က အနုပညာကျောင်းထွက်မဟုတ်ခဲ့တာကြောင့် အမျိုးမျိုးသော ဝေဖန်စကားသံတွေလည်း ထွက်ခဲ့ဖူးပါတယ်။

သို့ပေမဲ့ အရည်အချင်းအပြည့်နဲ့ မွေးဖွားလာသူဖြစ်တာကြောင့် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အများက လက်ခံအားပေးအောင် ကြိုးစားခဲ့ရှာပါတယ်။ နာမည်ကြီးမင်းသား Xiao Zhan ဆိုပြီး မှတ်တိုင်သစ်တွေစိုက်ထူစေနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်း တစ်ခါကြည့်ပြီးရင်တောင် နောင်တမရစေတဲ့အထိ ကောင်းမွန်လှပါတယ်။

(1) Joy of Life

Joy of Life ကတော့ Xiao Zhan ရဲ့ လှေးကားထစ်တစ်ခုလို့ ဆိုရမှာပါ။ Yan Bingyun ဆိုတဲ့ အရံဇာတ်ကောင်ကိုတောင် Xiao Zhan က အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အပြင် ဇာတ်လမ်းအဆုံးသတ်သီချင်းဖြစ်တဲ့ “Yu Nian” (Remaining Years) ကို သီဆိုပေးခဲ့ပြီး ဒီသီချင်းကလည်း ယနေ့အချိန်အထိတိုင် နာမည်ကြီးကျော်ကြားနေဆဲပါပဲ။ Joy of Life ထဲမှာ သူ့ရဲ့အပိုင်းတွေ အများကြီးမပါပေမဲ့ ကာလာစုံတဲ့သရုပ်ဆောင်အရည်အချင်းကြောင့် ကြည့်ရှုသူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

(2) The Untamed

Xiao Zhan ကို ဘဝတဆစ်ချိုးပြောင်းလဲတိုးတက်စေခဲ့ပြီး အုံလိုက်ကျင်းလိုက် အားပေးခဲ့ကြတဲ့ဇာတ်လမ်းကတော့ The Untamed ပါပဲ။ ဝေဝူရှန့် ဇာတ်ကောင်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ Xiao Zhan ဟာ ပရိသတ်တွေရဲ့နှလုံးသားကို အရှိန်ပြင်းပြင်းနဲ့ ပစ်ခွင်းလိုက်သလို အသည်းထဲ စွဲထင်နေစေပါတော့တယ်။ The Untamed ရောဂါ စွဲကပ်သွားတာကတော့ အကြိမ်ကြိမ်ပြန်ကြည့်တိုင်းလည်း မရိုးနိုင်အောင် စွဲလန်းနှစ်သက်နေမိတာပါ။

(3) Doulou Continent

၂၀၂၁ အစောပိုင်းလောက်မှာထွက်ခဲ့တဲ့ Douluo Continent ကတော့ Xiao Zhan အတွက် နောက်ထပ် Hit ဖြစ်ခဲ့တဲ့ TV စီးရီးပါ။ သဏ္ဍာန်လုပ် သရုပ်တူလွန်းတဲ့ Xiao Zhan ရဲ့ အရည်အချင်းကို နောက်တစ်ခေါက် အသိအမှတ်ပြုရပြန်ပါတယ်။ ဒါတင်မက theme song ကိုလည်း သီဆိုပေးခဲ့တာကြောင့် Idol – Actor အဖြစ်ပါ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

(4) The Wolf

ထွက်လာဖို့ ၃ နှစ်နီးပါးစောင့်နေရင်းက Surprise တိုက်ခံလိုက်ရပြီး ရုတ်တရက်ထွက်ချလာတဲ့ The Wolf ဟာ ပရိသတ်တွေကို ဝိုးခနဲဖြစ်သွားစေပါတော့တယ်။ အရံဇာတ်ကောင်ကိုသရုပ်ဆောင်ရတယ်ဆိုပေမဲ့ Xiao Zhan ဟာ အသက်ဝင်ပီပြင်လွန်းလှတာကြောင့် ပရိသတ်တွေကတောင် သူ့ဖက်ကနေပြီး ဇာတ်လမ်းထဲကို စီးမြောသွားကြတာပါ။ “ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးက တွဲရမယ်” ဆိုတဲ့ Logic ကြီးကြောင့်ဆိုပေမဲ့ Xiao Zhan ရဲ့ ဇာတ်ကောင်ဖန်တီးမှုကတော့ တသသပါပဲ။

(5) Oh my Emperor

Oh my emperor ဇာတ်လမ်းက Xiao Zhan အနေနဲ့ တအားကြီးနာမည်ကြီးတစ်ယောက်ဖြစ်မလာခင်ပြသခဲ့တဲ့ ဇာတ်လမ်းပါ။ ပရိသတ်တွေက Xiao Zhan ကို အသိအမှတ်ပြုလက်ခံအားပေးခဲ့တဲ့ ပထမဆုံးဇာတ်လမ်းဆိုရင်လည်း မမှားပါဘူး။

အရံဇာတ်ကောင်ဆိုပေမဲ့ ဩဇာတိက္ကမကြီးမားတဲ့ပုံရိပ်က ပြန်ကြည့်တိုင်းလည်း ကြက်သီးထလောက်အောင် ဆွဲဆောင်မှုရှိလွန်းပါတယ်။ ကြည့်ရှုသူတွေကဆိုရင် ဒီကားထဲက Xiao Zhan ဟာ တရုတ်ရှေးဟောင်းဇာတ်လမ်းတွေထဲက တော်ဝင်မင်းသားတွေထဲမှာ အချောဆုံးမင်းသားဆိုပြီးတော့တောင် ချီးကျူးခဲ့ကြပါတယ်။

Source: Cdramabase
Photos: Mydramalist
Translated by Julix