Celebrity News

TV Gold Awards ဆုပေးပွဲကြီးရဲ့ အဓိကဇာတ်‌‌ဆောင်ဆုကို ရရှိထားတဲ့ Thai TV3 ကြယ်ပွင့်များ

TV Gold Awards ကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီးဆုအခမ်းအနားတစ်ခုဖြစ်ပြီး တကယ့်အရည်အချင်းပြည့်ဝသူတွေသာ ဆုရရှိနိုင်တဲ့ ပွဲကြီးတစ်ခုပါပဲ။ ဒီလိုဆုပေးပွဲရဲ့ အဓိကဇာတ်လိုက်ဆုကို ရရှိပိုင်ဆိုင်ထားကြတဲ့ Thai TV3 က ကြယ်ပွင့်အနုပညာရှင်တွေကတော့ အမြောက်အမြားပါပဲ။

Ken Theeradeth
မင်းသားကြီး Ken Theeradeth ကတော့ ၂၃ ကြိမ်မြောက်နဲ့ ၂၄ ကြိမ်မြောက် TV Gold Awards ဆုပေးပွဲတွေမှာ ၂ ကြိမ်တိတိ ခေါင်းဆောင်မင်းသားဆုကို ရရှိထားသူပါ။ “Sawan Biang” နဲ့ “Sut Sanaeha” ကတော့ ဆုရဇာတ်လမ်းတွေပဲဖြစ်ပါတယ်။

Tik Jesdaporn
“Wanida” ဇာတ်လမ်းတွဲနဲ့ မင်းသားကြီး Tik ဟာ ၂၅ ကြိမ်မြောက် TV Gold Awards မှာ အဓိကဇာတ်လိုက်ဆုကို ရရှိခဲ့ပါတယ်။

Pope Thanawat
၂၈ ကြိမ်မြောက် TV Gold Awards မှာတော့ Pope Thanawat က “Khun Chai Pawornruj” ဇာတ်လမ်းနဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့ပါတယ်။

Nadech Kugimiya
Nadech Kugimiya ကတော့ အဓိကဇာတ်လိုက်မင်းသားဆုကို ၃ ကြိမ်တိုင်ရရှိထားသူပါပဲ။ ၂၉ ကြိမ်မြောက်၊ ၃၂ ကြိမ်‌မြောက်နဲ့ ၃၃ ကြိမ်‌မြောက် TV Gold Awards ဆုအခမ်းအနားတွေမှာ ဆုရခဲ့တာပါ။ “Roy Fun Tawan Duerd”, “Leh Lub Salub Rarng” နဲ့ “The Crown Princess” ကတော့ Nadech ရဲ့ ဆုရဇာတ်လမ်းတွေပဲဖြစ်ပါတယ်။

Poh Nattawut
မင်းသား Poh Nattawut ကတော့ အကြိမ် ၃၀ မြောက် TV Gold Awards ရဲ့ အကောင်းဆုံးဇာတ်လိုက်မင်းသားဆုကို “Tang Phan Kammathep” ဇာတ်လမ်းနဲ့ ရရှိထားပါတယ်။

Mario Maurer
“Thong Aek: The Herbal Master” ဇာတ်လမ်းတွဲထဲက အဓိကမင်းသား Mario Maurer ဟာ ၃၄ ကြိမ်မြောက် TV Gold Awards ရဲ့ ခေါင်းဆောင်မင်းသားဆုကို လက်ဝယ်ရယူနိုင်ခဲ့ပါတယ်။

Anne Thongprasom
“Sut Sanaeha” ထဲက မင်းသမီးကြီး Anne Thongprasom ဟာ ၂၄ ကြိမ်မြောက် TV Gold Awards ရဲ့ အဓိကဇာတ်လိုက်မင်းသမီးဆုကို ရရှိထားသူဖြစ်ပါတယ်။

Ploy Chermarn
၂၅ ကြိမ်မြောက် ဆုအခမ်းအနားမှာတော့ Ploy Chermarn ဟာ “Rabum Duang Dao” ဇာတ်လမ်းတွဲနဲ့ ဆုရရှိခဲ့တာပါ။

Chompoo Araya
Chompoo Araya ကတော့ “Dok Som See Thong” ဇာတ်လမ်းထဲက သူမရဲ့သရုပ်‌ဆောင်ချက်တွေကြောင့် ၂၆ ကြိမ်မြောက် TV Gold Awards ရဲ့ ဆုပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

Noon Sirapan
Noon ဟာ “Buang” ဇာတ်လမ်းထဲမှာ တော်တော်လေး စိန်ခေါ်မှုများတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ ၂၇ ကြိမ်မြောက် အဓိကဇာတ်လိုက်မင်းသမီးဆုဟာ Noon အတွက်ပဲ ဖြစ်ခဲ့ပါတယ်။

Taew Natapohn
Taew Natapohn ကတော့ ဆုကို ၂ ခါတိတိရရှိထားပါတယ်။ “Khun Chai Ratchanon” နဲ့ “Nakee” ဇာတ်လမ်းတွေကြောင့် ၂၈ ကြိမ်မြောက်နဲ့ ၃၁ ကြိမ်မြောက် ‌ဆုအခမ်းအနားတွေမှာ Taew က ပွဲလယ်တင့်ခဲ့ပါတော့တယ်။

Yaya Urassaya
Yaya Urassaya ကတော့ “Kluen Cheewit” ဇာတ်လမ်းတွဲထဲက သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် ၃၂ ကြိမ်မြောက်ဆုအခမ်းအနားမှာ အဓိကဇာတ်လိုက်မင်းသမီးဆုကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Bella Ranee
၃၃ ကြိမ်မြောက် ဆုအခမ်းအနားမှာ Bella Ranee ကတော့ “Buppesunnvias” နဲ့အတု ဆုရမင်းသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

Mai Charoenpura
Mai ကတော့ “Krong Karm” ထဲမှာ တော်တော်လေး လက်စွမ်းပြခဲ့တာပါ။ ဒါကြောင့်လဲ ၃၄ ကြိမ်မြောက် ဆုအခမ်းအနားမှာ ခေါင်း‌ဆောင်မင်းသမီးဆုကို ရယူနိုင်ခဲ့ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix