Celebrity News

UN မှာ တောင်ကိုးရီးယားနိုင်ငံ ပါဝင်ခြင်းနှစ် (၃၀) ပြည့် အတွက်ပါဝင်ဖျော်ဖြေသွားမဲ့ EXO အဖွဲ့ဝင် Chanyeol

EXO အဖွဲ့ဝင် Chanyeol ဟာ စစ်မှုထမ်းနေတာ ရက်ပေါင်း 178 ရက်ရှိနေပါပြီ။ ထူးချွန်တပ်သားဆုလည်း အခြေခံစစ်သင်တန်းကျောင်းမှာ ရခဲ့သလို သူဟာ တပ်ခွဲရဲ့ leader လည်း ဖြစ်ခဲ့ပါတယ်။ ခုလည်း သူဟာ စစ်တပ်ကနေ စီစဉ်ကြီးမှူးတဲ့ musical ပြဇတ်မှာ ကပြဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

ထိုပြဇာတ်မှာကပြဖို့ လူရွေးပွဲကို May လ ထဲက လုပ်ခဲ့ပြီး ခြေလျင်တပ်၊ လေတပ်၊ ကြည်းတပ်၊ ရေတပ်အစရှိတဲ့ တပ်တွေထဲက တပ်သားပေါင်း ၃၁ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ထိုတပ်သားတွေထဲမှာ Chanyeol အပြင် ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မင်းသား Kim Myung-soo ၊ တပ်ကြပ် B.A.P.အဖွဲ့ဝင် Jeong Dae-hyun တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် နာမည်ကြီး ပြဇာတ်မင်းသား Brad Little နဲ့ Michael Lee တို့လည်း ပါဝင်အုံးမှာပါ။ ပွဲရဲ့ နာမည်ကတော့ “Meisa” ဖြစ်ပြီး အဓိပ္ပာယ်က “တောက်ပတဲ့ ဖြစ်တည်မှု” လို့ အဓိပ္ပာယ်ရပါတယ်။ စစ်တပ်ကတော့”Mesia ဟာ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားရင်တောင် ယုံကြည်မှုကို လျှော့မချလိုက်နဲ့ လို့ အဓိပ္ပာယ်ရပါတယ်။ ပြီးတော့ ဒီပြဇာတ်ထဲမှာ ပါတဲ့ စစ်သားတစ်ယောက်ရဲ့ နာမည်ပါ” လို့ ရှင်းပြထားပါတယ်။

United Nation (UN)ထဲမှာ South Koera နိုင်ငံဝင် join တဲ့ နှစ်(၃၀) မြောက် အထိမ်းအမှတ်အနေနဲ့ ကျင်းပတာလို့လည်း ဆိုပါတယ်။ ‘Meisa’ ရဲ့ သီချင်းဟာ နိုင်ငံရပ်ခြားကို စေလွှတ်ခြင်းခံရတဲ့ ဆက်သား တွေအကြောင်းကို ရေးဖွဲ့ထားပါတယ်တဲ့။ Musical ကနေတဆင့် Korea နိုင်ငံဟာ တောင်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာဖို့ ဘယ်လို အဆင့်ဆင့်တိုးတက်လာသလည်းဆိုတာပါ ကြည့်ရှုရမယ် လို့ ညွှန်းထားပါတယ်။

ဒီပွဲကို ကြီးမှူးသူ ဗိုလ်မှူးကြီးအဆင့် Kim Hyung-gyu ကတော့ ခုလို ရှင်းပြထားပါတယ်။ “ကိုရီးယားစစ်ပွဲအတွင်းမှာ မွှေနှောက်ဖျက်စီးခဲ့တဲ့ စစ်တပ်ဟာ အလျင်အမြန်ပြောင်းလဲတိုးတက်လာခဲ့ပြီး နိုင်ငံတကာမှာပါ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ပြီးတော့ လူသားဆန်ဆန်နဲ့ ချစ်ခြင်းမေတ္တာထားတတ်အောင် လေ့ကျင့်ရေးတွေ ဆင်းခဲ့ပါတယ်။ ဒီ ပြဇတ်ဟာ Covid 19 အခြေအနေကြောင့် ခြေကုန်လက်ပန်းကျနေတဲ့ ပြည်သူ့လူထုကို healing ဖြစ်စေဖို့ ရည်ရွယ်ရင်း တင်ဆက်တာပါ”

ဒီ musical ပွဲကြီးကို နောက်လ October 15 ရက်ကနေ November 27 ရက်နေ့ထိ Seoul အိုလံပစ် ပန်းခြံကြီးထဲမှာရှိတဲ့ Woori Financial Art Hall ထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ October မှာတော့ online performance သာ လုပ်ဖြစ်မှာဖြစ်ပြီး November လ ထဲမှာတော့ Covid-19 ရောဂါလျော့ပါးလာရင် face-to-face performance တွေ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

ခုလိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ စီစဉ်တဲ့ musical ပြဇာတ်မှာ ပါဝင်သရုပ်ဆောင်မဲ့ စစ်သားတွေကတော့ သူတိုဘဝတစ်လျှောက် ဂုဏ်ယူမိနေမှာ အသေချာပါဘဲ။ Chanyeol ဆို သူ့မွေးနေ့ 27 ရက်နေ့ထိ ကျင်းပမဲ့ ပွဲဖြစ်တာမို့ သူ့အတွက် တသက်မမေ့နိုင်စရာ မွေးနေ့လေး ပိုင်ဆိုင်အုံးမှာပါ။

Source: kookbang.dema.mil.kr news
Written : Violet