Celebrity News

သမီးလေးကို ပစ်ထားတယ်ဆိုပြီး မိခင်မပီသသူအဖြစ် အမည်တပ်ကာ ကဲ့ရဲ့ခံနေရသူ Yang Mi

အသက် ၃၄ နှစ်အရွယ် နာမည်ကြီးထိပ်တန်းမင်းသမီး Yang Mi ကတော့ အတိုက်အခိုက်များနေတာတောင် ‌တနေ့တခြား ဂုဏ်သတင်းမွှေးနေသူပါ။ အားလုံးရဲ့စောင့်ကြည့်ခံထိပ်တန်းမင်းသမီးဖြစ်တဲ့ Yang Mi ဟာ အမျိုးမျိုးသောခေါင်းစဉ်တွေဖြင့် ဝေဖန်ခံရတာတွေရှိဖူးပေမဲ့ အခုတစ်ခါမှာတော့ “မိခင်မပီသသူ” အဖြစ် ခေါင်းစဉ်တပ်ကာ ပြစ်တင်ကဲ့ရဲ့ခြင်းကို ခံယူနေရရှာပါတယ်။

အမျိုးသားဖြစ်သူ Hawick Lau နဲ့ ကွာရှင်းပြီးနောက် သမီးလေးဟာ ဖခင်နဲ့ အဖိုးအဖွားတွေရဲ့ ပြုစုစောင့်ရှောက်မှုကိုသာ ရရှိခဲ့ပြီး မိခင်ဖြစ်သူ Yang Mi နဲ့ကတော့ တဖြည်းဖြည်း အနေဝေးလို့လာခဲ့ပါတယ်။

တခါတရံ ဟောင်ကောင်မှာရှိနေတဲ့ သမီးလေးထံကို အလည်အပတ်လာခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပွဲအခမ်းအနားတက်ရောက်ရတာတွေ များပြားလွန်းတာကြောင့် Yang Mi ကိုယ်တိုင်လည်း မအားလပ်အောင်ဖြစ်နေခဲ့တာပါ။

မိသားစု‌ဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အပေါင်းအသင်းတွေအားလုံး ဆုံစည်းကြတဲ့ Lunar New Year နေ့ဟာ ကျုံးကော်ရဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ ဒီနှစ် စက်တင်ဘာလ (၂၀) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ Lunar New Year မှာတော့ Yang Mi ဟာ ရိုက်ကူးရေးတွေရှိနေခဲ့တာကြောင့် သမီးလေးထံကို သွားရောက်နိုင်ခြင်း မရှိခဲ့ရှာပါဘူး။

ဖခင်ဖြစ်သူကလည်း ဒီနှစ်မှာ အဝေးကိုရောက်နေခဲ့တာကြောင့် ကလေးဟာ မိဘတွေမပါဘဲ အဖိုးအဖွားတွေနဲ့ပဲ အထီးကျန်စွာဖြတ်သန်းခဲ့ရရှာပါတယ်။ Yang Mi ရဲ့ ယောက္ခထီးဟောင်းဖြစ်သူကတော့ Hawick Lau က သမီးလေးဘေးမှာ မရှိပေးနိုင်ပေမဲ့လည်း မအားတဲ့ကြားက အချိန်ပေးပြီး သူ့မြေးမလေးကို ဖုန်းခေါ်တာတွေ၊ Video Call ခေါ်တာမျိုးတွေ လုပ်ကာ နွေးထွေးပေးခဲ့ပါသေးတယ်တဲ့။

မြေးမလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ အဖိုးဖြစ်သူကတော့ “‌မြေးလေးက အသက်ငယ်ငယ်လေးရှိသေးပေမဲ့ တအားချက်ချာပါးနပ်ပြီး အမှီအခိုကင်းလွန်းတယ်။ ပေါက်စလေးကတည်းက အမေနဲ့ခွဲနေရတော့ မိခင်ကိုလည်း သိပ်ပြီးတမ်းတနေတာမျိုးမရှိရှာဘူး။ သူ့အဖေနဲ့ အဖိုးအဖွားတွေကပဲ ဝိုင်းပြီးချစ်ပေးနေရတော့ ကလေးက အဖေ့ဖက်ကိုပဲ သိပ်ခင်တွယ်နေပါတယ်” ဆိုပြီး ပြောပြဖူးပါတယ်။

ဒါ့အပြင် Yang Mi ကတော့ သမီးလေးဆီကိုလာမလည်တာ တစ်နှစ်ကျော်လောက်ရှိပြီဖြစ်တဲ့အကြောင်းလည်း ပြောခဲ့တာကြောင့် တော်တော်လေးကို ဝေဖန်ခံခဲ့ရတာပါ။ ဒါတင်မကသေးဘဲ ဇွန်လ (၁) ရက်နေ့က သမီး‌လေးရဲ့မွေးနေ့ဖြစ်ပေမဲ့ မွေးနေ့ပွဲမသွားတော့တာ ၂၀၁၉ ခုနှစ်ကတည်းကဖြစ်ကြောင်း သတင်းတွေပါ ထပ်ထွက်လာပါတော့တယ်။

ကပ်ရောဂါကြောင့် မသွားနိုင်ဘူးလို့ပြောလို့ရပေမဲ့ တခြားပွဲအခမ်းအနားတွေကိုကျ ဆက်တိုက်တက်ရောက်နေခဲ့တဲ့ Yang Mi ဟာ လူ့အသိုင်းအဝိုင်းရဲ့ အမြင်မကြည်မှုတွေကို စတင်ရရှိလာခဲ့ပါတယ်။

အခုနောက်ဆုံးဖြစ်တဲ့ Lunar New Year မှာလည်း သမီးလေးကို ပစ်ထားခဲ့သလိုဖြစ်နေတာကြောင့် “မိခင်မပီသသူ” အဖြစ် Yang Mi ကို ဝေဖန်ကဲ့ရဲ့နေကြပါတော့တယ်။ ထိပ်တန်းမင်းသမီးအဖြစ် အနုပညာလောကထဲမှာ ခမ်းနားစွာအောင်မြင်နေပေမဲ့ သမီးလေးအတွက် မိခင်တစ်ဦးအနေနဲ့ ဘာတစ်ခုမှ နွေးထွေးယုယပြီးတန်ဖိုးထားတာမျိုးမရှိတာကြောင့် Yang Mi ရဲ့ လုပ်ရက်ကို အားလုံးက အပြစ်တင်နေကြပါတော့တယ်။

Source: Sohu
Photos: Sohu
Translated by Julix