Celebrity News

နွေဦးကနေ အစချီလို့ ဆောင်းဦးအထိ ဘယ် season မဆို အထာကျအောင် ဝတ်တတ်တဲ့ Jennie ရဲ့ Fashion style များ

BLACKPINK အဖွဲ့ဝင် Jennie ဟာ Fashion Icon လို့ ဆိုရအောင် ဝတ်တာစားတာ သွားတာလာတာ အထာအရမ်းကျတဲ့သူပါ။ သူမရဲ့ fashion style တွေဟာ အမြဲ trend ဖြစ်ပြီး Jennie လေးလို လိုက်ဝတ်ချင်တဲ့သူပေါများချက်ပါဘဲ။

သူမ ဘာဝတ်ဝတ် အမြဲ sold out ကုန်တာ သာ ကြည့်ပါတော့။ နွေ၊မိုး၊ဆောင်း ဘယ်ရာသီမဆို သူ့ရာသီနဲ့သူ လိုက်ဖက်အောင်ဝတ်တတ်ပြီး သူမ ဘာလေးတွေ ဝတ်တတ်သလည်းဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

1. Summer

နွေရာသီမှာဆိုရင် Jennie ဟာ floral dress လေးတွေ crop top လေးတွေကို ပူပြင်းတဲ့ ရာသီနဲ့ လိုက်အောင် ဝတ်ပါတယ်။ တခါတလေတော့လည်း အားကစားဝတ်စုံ skirt တိုလေးတွေ ဝတ်ပြီး အထာကျကျ နေပါသေးတယ်။

2. Autum

မတင်မကျလေးအေးတဲ့ ဆောင်းဦးရာသီမှာတော့ Jennie ဟာ ချစ်ဖို့ကောင်းတဲ့ sweater လေးတွေ ဝတ်တတ်ပါတယ်။ Preppy skirt လေးတွေ Jean ဘောင်းဘီလေးတွေနဲ့ တွဲစပ်ပြီး ဝတ်တာပါ။ တခါတလေကျ ဆွယ်တာအောက်မှာ crop top လေးဝတ်ပြတာဟာ နွေအကုန် ဆောင်းအကူး ရာသီအတွက် style ကျ ချက်ပါဘဲ။

3. Winter

ချမ်းအေးတဲ့ ဆောင်းရာသီမှာတော့ Jennie ဟာ style coat လေးတွေကို ဆွဲဆောင်မှုရှိရှိ ဝတ်တတ်ပါတယ်။ များသောအားဖြင့် သူမရဲ့ coat တွေဟာ အမည်းနဲ့ အဖြူ ဖြစ်ပြီး တခါတလေကျ အဖြူအမည်း ကွက်ကျား လေးပါဝတ်ပါတယ်။ တခါတလေကျ အနွေးထည်အကြီးကြီးတွေထဲမှာ မြှပ်နေတဲ့ပုံစံမျိုးနဲ့ ချစ်ဖို့ကောင်းအောင် ဝတ်တတ်ပါသေးတယ်။

4. Spring

နွေဦးရာသီမှာတော့ Jennie ဟာ ကြည့်လိုက်တာနဲ့ လန်းဆန်းသွားစေမဲ့ fresh look လေးတွေ ဝတ်ပါတယ်။ အရောင်တောက်တောက်လေးတွေ ဝတ်တတ်ပြီး အနွေးထည်းအပါးလေးတွေ၊ ပန်းပွင့်ပုံအဆင်လေးတွေ၊ crop top လေးတွေနဲ့ ချစ်ဖို့ကောင်းအောင် သူ ဝတ်ပါတယ်။

ဖော်ပြပါ fashion တွေကို ကြည့်ရင် Jennie ဟာ ဝတ်စားဆင်ယင်မှုအပိုင်းမှာ level တခုကို ရောက်နေပြီကို တွေ့ရမှာပါ။ တနေ့တနေ့ ဘာဝတ်ရမလည်း ခေါင်းစားနေသူတွေ Jennie ရဲ့ fashion style ကို inspired ယူ ဝတ်ရင် အဆင်ပြေစေမှာပါနော်။

Source: Koreaboo
Written: Violet