Celebrity News

ရိုမန့်စ်ဇာတ်လမ်း မကြိုက်သူ​တွေ ကြည့်ရှုသင့်တဲ့ ၂၀၂၁ ခုနှစ်ထွက် ကိုရီးယားဇာတ်လမ်းတွဲ (၆) ခု

၂၀၂၁ ခုနှစ်မှာ ကိုရီးယားဇာတ်လမ်းတွဲ​ပေါင်းများစွာ ထွက်ရှိခဲ့ပြီး အမျိုးအစားကလည်း စုံလင်လှပါတယ်။ လူအများစုနှစ်သက်ကြတဲ့ အချစ်ဟာသအမျိုးအစားအပြင် သည်းထိတ်ရင်ဖိုအက်ရှင်ကား​တွေ၊ heavy drama အမျိုးအစား​တွေလည်းပါဝင်ပါတယ်။

ဒါ​​ပေမဲ့ တချို့​တွေဟာ သိသာတဲ့ ချစ်ကြိုက်ညားဇာတ်လမ်း​တွေ၊ မင်းသားနဲ့မင်းသမီး တစ်ချိန်လုံးရို​နေတဲ့ ဇာတ်လမ်း​တွေကို မကြည့်ချင်ကြပါဘူး။ ဒါ​ကြောင့် အဲ့လိုပရိသတ်​တွေအတွက် ရည်ရွယ်ပြီး အချစ်ရိုမန့်စ်ဇာတ်လမ်းမဟုတ်တဲ့ ၂၀၂၁ ခုနှစ်ထွက် ကိုရီးယားဇာတ်လမ်းတွဲ ၆ ခုကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

1. D.P

သြဂုတ်လ ၂၇ ရက်​နေ့က ထွက်ရှိခဲ့တဲ့ Netflix ဇာတ်လမ်းတွဲ “D.P” မှာ​တော့ မင်းသား Jung Hae In နဲ့ Goo Kyo Hwan တို့က တပ်သား Ahn Jun Ho နဲ့ တပ်ကြပ် Han Ho Yul တို့အဖြစ် ပါဝင်သရုပ်​​ဆောင်ထားပါတယ်။

သူတို့ ၂ ဦးဟာ တပ်က​နေ ထွက်​ပြေးသွားတဲ့ တပ်သား​တွေကို လိုက်လံရှာ​ဖွေရမှာဖြစ်ပြီး ဘာ​ကြောင့် တာဝန်ပျက်ကွက်ကာ တပ်က​နေ ထွက်​ပြေးသွားရလဲဆိုတဲ့ အ​ကြောင်းရင်းကို ​ဖော်ထုတ်ရမှာပါ။ ဒီဇာတ်လမ်းတွဲဟာ အပိုင်း ၆ ပိုင်းသာရှိတာ​ကြောင့် အလုပ်ပိတ်ရက်​တွေမှာ တစ်ထိုင်တည်းကြည့်ဖို့လည်း သင့်​လျော်ပါတယ်။

2. Taxi Driver

​နောက်ထပ်တစ်ခုက​တော့ webtoon ​ကို ပြန်လည်ရိုက်ကူးထားပြီး SBS က ထုတ်လွှင့်ခဲ့တဲ့ “Taxi Driver” ဖြစ်ပါတယ်။ ဇာတ်လမ်း​လေးက​တော့ အထူးတပ်ဖွဲ့က တပ်သား​ဟောင်းတစ်​ယောက်ဖြစ်တဲ့ Kim Go Ki ဟာ သူ့ရဲ့မိခင်ဖြစ်သူကို မသမာသူ​တွေရဲ့ လက်ထဲမှာ ဆုံးရှုံးလိုက်ရပါတယ်။

ဒါ​ကြောင့် ကလဲ့စား​ချေဖို့အတွက် CEO Jang Sung Chul ဦး​ဆောင်တဲ့ Rainbow Taxi ဆိုတဲ့ လျှို့ဝှက်အဖွဲ့ကို ဝင်​ရောက်ခဲ့ပြီး အဲ့ဒီအဖွဲ့အစည်းဟာ ဥပ​ဒေရဲ့ ကာကွယ်​စောင့်​ရှောက်မှုကိုမရခဲ့တဲ့ နစ်နာသူ​တွေကို ကလဲ့စား​ချေဖို့ ကူညီ​ပေးတာဖြစ်ပါတယ်။

ဒါ​ပေမဲ့ ဒီအဖွဲ့အစည်းရဲ့အ​ကြောင်းကို စုံ​ထောက် Kang Ha Na က စုံစမ်း​နေတဲ့အတွက် သူတို့ရဲ့ မစ်ရှင်​တွေကို ပြီး​မြောက်ဖို့ ထင်သ​လောက်မလွယ်ကူလှပါဘူး။ အက်ရှင်နဲ့ dark hero ကား​တွေကြိုက်နှစ်သက်တဲ့သူ​တွေအတွက်​တော့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။

3. Squid Game

​​လက်ရှိ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ​ရေပန်းစား​နေပြီး Lee Jung Jae နဲ့ Park Hae Soo တို့ အဓိကပါဝင်သရုပ်​​ဆောင်ထားတဲ့ “Squid Game” ဇာတ်လမ်းတွဲက​တော့ သည်းထိတ်ရင်ဖိုဇာတ်ကား​ကောင်း​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကား​ကောင်းတစ်ခုဖြစ်ပါတယ်။

အပိုင်း ၉ ပိုင်းနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ​တော့ အ​​ကြွေး​များစွာတင်ပြီး အ​ရေးတကြီး​ငွေလိုအပ်​နေတဲ့ လူ ၄၅၆ ​ယောက်ဟာ ဂိမ်း ၆ ခုယှဉ်ပြိုင်ကစား​ရမှာပဲဖြစ်ပါတယ်။ ဂိမ်းကို နိုင်​အောင်မ​​ဆော့နိုင်ခဲ့ရင် အသက်ဆုံးရှုံးရမှာဖြစ်ပြီး ဂိမ်း ၆ ခုလုံးကို နိုင်တဲ့သူကတော့ ​ဝမ် ၄၅.၆ ဘီလီယံကို ရရှိမှာပါ။

“Squid Game” ဟာ လက်ရှိ US အပါအဝင် နိုင်ငံ​ပေါင်း ၁၄ နိုင်ငံရဲ့ Netflix မှာ နံပါတ် ၁ ဖြစ်​​နေပြီး လူကြည့်အများဆုံး Netflix K-drama အဖြစ်လည်း စံချိန်သစ်တင်ထားတာဖြစ်ပါတယ်။

4. Kingdom: Ashin of the North

“Kingdom: Ashin of the North” က​တော့ အရမ်းကို ​အောင်မြင်​ကျော်ကြားခဲ့တဲ့ ကိုရီးယား zombie ဇာတ်လမ်းတွဲ “Kingdom” ရဲ့ special episode ဖြစ်ပါတယ်။ ပရိသတ်အချစ်​တော် မင်းသမီး Jun Ji Hyun က Ashin အဖြစ် သရုပ်​ဆောင်ထားပြီး Kim Shi Ah က Ashin ငယ်ဘဝ၊ Park Byung Eun က စစ်သူကြီး Min Chi Rok၊ “D.P” မင်းသား Goo Kyo Hwan က ဗီလန်နဲ့ Pajeowi မျိုးနွယ်စုရဲ့ ​ခေါင်း​ဆောင် Ai Da Gan အဖြစ် သရုပ်​ဆောင်ထားပါတယ်။ “Kingdom: Ashin of the North” မှာဆိုရင် ခရမ်း​ရောင် အသက်ကယ်ပင်ရဲ့ မူလဇစ်မြစ်နဲ့ Ashin ရဲ့ ဇာတ်ကြောင်းကို ​ဖော်ပြထားတာဖြစ်ပါတယ်။

5. Move to Heaven

ဒီဇာတ်ကား​လေးက​တော့ အက်ရှင်​​တွေ သည်းထိတ်ရင်ဖို​တွေမဟုတ်ပဲ အပီအပြင်ငိုရမယ့် ဇာတ်ကား​လေးပါ။ ဒီ “Move to Heaven” ဇာတ်လမ်းတွဲထဲမှာ “Taxi Driver” မင်းသား Lee Je Hoon နဲ့ “Racket Boys” မင်းသား Tang Jung Sang တို့က အဓိကပါဝင်သရုပ်​ဆောင်ထားပါတယ်။

ဇာတ်လမ်း​လေးက​တော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ခဲ့ပြီး Asperger’s Syndrome ​​ရောဂါကိုခံစား​နေရတဲ့ Han Geu Ru ဆိုတဲ့​ကောင်​လေးတစ်​ယောက်​ပေါ်မှာ အ​ခြေခံထားတာဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး​နောက် “Move to Heaven” ဆိုတဲ့ ဝန်​ဆောင်မှုလုပ်ငန်းကို ကိုယ်ခံပညာအားကစားသမားဖြစ်တဲ့ သူ့ရဲ့ ဦး​လေး Cho Sang Gu နဲ့အတူ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

အဲ့ဒီလုပ်ငန်းဟာ လူ​တွေ မ​ကွယ်လွန်ခင်မှာ ချန်ထားခဲ့တဲ့ပစ္စည်း​တွေကို သူတို့ရဲ့ မိသားစု​တွေ၊ မိတ်​​ဆွေ​တွေ၊ ချစ်သူ​တွေထံ ပို့​ဆောင်​ပေးတဲ့ ဝန်​ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ လူ​တွေရဲ့ ဘဝဇာတ်​ကြောင်းမျိုးစုံ၊ ရသမျိုးစုံကို ခံစားရမယ့် ဇာတ်လမ်း​ကောင်း​လေးဖြစ်ပါတယ်။

6. Navillera

မင်းသား Song Kang အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲ​​​လေးက​တော့ Lee Chae Rok ဆိုတဲ့ ဘဲ​လေးအကသမားတစ်​ယောက်အ​ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ဝါရင့်မင်းသားကြီး Park in Hwan ကလည်း ငယ်ရွယ်စဉ်က ဘဲ​လေးသမားတစ်​ယောက်ဖြစ်ချင်ခဲ့တဲ့ အသက် ၇၀ အရွယ် Shim Deok Chul အဖြစ် ပါဝင်သရုပ်​ဆောင်ထားပါ​သေးတယ်။ ဒီ drama ​လေးထဲမှာ​တော့ သူတို့ ၂ ​ဦးရဲ့ အသက်အရွယ်ကွာခြား​ပေမဲ့လည်း ထူးဆန်းပြီး ​နွေး​ထွေးတဲ့ မိတ်​​ဆွေဆက်ဆံ​ရေးကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

Source : Kpopstarz
Photo : instagram, asianwiki
Written : ZL