Celebrity News

သမီးလေးမွေးပြီးမှ ကျရောက်လာတဲ့ ပထမဆုံးမွေးနေ့မှာ Surprise လုပ်ခံလိုက်ရတဲ့ Mew Nittha

Mew Nittha ကတော့ September 12 ရက်နေ့မှာပဲ သမီးလေး Nong ကို မွေးဖွားခဲ့ပါတယ်။ မိခင်တစ်ယောက်ဖြစ်လာတာမို့လို့ သမီးလေးအတွက်ပဲ အချိန်တွေပုံအပ်ထားရင်းက သူမရဲ့မွေးနေ့ကိုတောင် မေ့နေပုံပါပဲ။

ဒီအတွက် သူမရဲ့ ၃၁ နှစ်ပြည့်မွေးနေ့ကို ယောက်ျားဖြစ်သူနဲ့ သူငယ်ချင်းများက စုပြီး Surprise တိုက်ခဲ့ကြပါတယ်။ ဓနရှင်အသိုင်းအဝိုင်းထဲက မိဖုရားတစ်ပါးဖြစ်နေသူ Mew ရဲ့ မွေးနေ့ပွဲလေးကတော့ တကယ်ကို ရိုးရှင်းပြီး အချစ်တွေပြည့်နေပါတော့တယ်။

Mew Nittha ရဲ့ ၃၁ နှစ်ပြည့်မွေးနေ့အတွက် ယောက်ျားဖြစ်သူ Hiso Saint ဟာ တိတ်တိတ်လေးပြင်ဆင်‌နေခဲ့ပြီး September 21 ရက်‌နေ့ရောက်မှ Surprise တိုက်ခံလိုက်ရပါတယ်။

ပန်းစည်းနဲ့အတူ ကိတ်တွေကိုလည်းပြင်ဆင်ထားပြီး Mew ရဲ့ သူငယ်ချင်းတွေကိုလည်း Viedo Call ခေါ်ကာ စုစုစည်းစည်းနဲ့ ခေတ်ပေါ်စလိုင်လ် မွေးနေ့ပွဲကျင်းပခဲ့တာပါ။ သွေးနုသားနုဖြစ်တဲ့ “Mew” ကတော့ တော်တော်လေးပျော်ရွှင်နေပြီး instagram မှာလည်း “မနေ့ညက ယောက်ျားနဲ့သူငယ်ချင်းတွေရဲ့ Surprise လုပ်တာခံလိုက်ရတယ်။

အားလုံးကိုကျေးဇူးတင်လိုက်တာ။ ၃၁ နှစ်ပြည့်မွေးနေ့က သမီးလေးမွေးပြီး ပထမဆုံးကျင်းပတဲ့မွေးနေ့ဖြစ်ပြီး သမီးလေးကတော့ ဒီနှစ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်ပေါ့” ဆိုပြီး ရေးသားတင်ခဲ့ပါတယ်။

ချစ်ပေးတတ်လွန်းတဲ့ယောက်ျား၊ ‌တန်ဖိုးမဖြတ်နိုင်တဲ့ သမီးလေးနဲ့ ပြည့်စုံကြွယ်ဝခြင်း၊ အောင်မြင်မှု‌တွေပါ လက်ဝယ်ရရှိထားတဲ့ Mew ကတော့ ကံကောင်းတဲ့မိန်းကလေးတစ်ယောက်ပါပဲနော်။ မိခင်နုနုထွတ်ထွတ်လေးအတွက် အပျော်ရွှင်ရဆုံး မွေးနေ့လေးဖြစ်နေပါတော့မယ်။

Source: ThaiToday
Photos: Instagram
Translated by Julix