Celebrity News

“Chanel” ရဲ့ Winter collection အသစ်အတွက် Model ဖြစ်လာပုံနဲ့ ပက်သက်ပြီး Jennie ရဲ့ ရင်တွင်းစကား

BLACKPINK အဖွဲ့ဝင် Jennie ဟာ လတ်တလောမှာ Calvin Klein ရဲ့ outfit အသစ်တွေအတွက် Photoshoot လုပ်ပေးခဲ့ပါတယ်။ ထိုပုံတွေထဲက တစ်ပုံဟာ New York မြို့လယ် Billboard အကြီးကြီးပေါ်မှာ ကြေငြာပြသခံထားရပြီး လူအများရဲ့ အာရုံစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။ ထိုကဲ့သို့ Billboard ပေါ်မှာ ကြေငြာခံရတဲ့အတွကိ သူမရဲ့ အိပ်မက်တွေ ပြည့်လာခဲ့ပြီလို့လည်း ဆိုပါတယ်။

Jennie ဟာ Human Chanel လို့ဆိုရအောင် Chanel ဝတ်စုံတွေနဲ့ဆို အရမ်းပနံသင့်သူပါ။ Chanel ရဲ့ Global Brand Ambassador အဖြစ်လည်း ခံအပ်ခြင်းခံထားရပြီး ခု တခေါက် 2021/22’s COCO NEIGE collection အတွက်လည်း campaign model အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။သူမရဲ့ ပုံတွေဟာလည်း Chanel website မှာ တင်နေပြီ ဖြစ်ပြီး ထိုပုံထဲက hot pink လေးကို ဝတ်ထားတဲ့ ဓာတ်ပုံဆို Jennie ပီပီသသ အရမ်းလန်းပြီး ဆွဲဆောင်မှုရှိနေတာပါ။

Jennie ဟာ ခုလို campaign အတွက် ရွေးချယ်ခံရတာ အိပ်မက်တခုလိုဘဲ ခံစားနေရကြောင်းဆိုပါတယ်။ သူမဟာ နှင်းတောထဲမှာ ကစားရတဲ့ အားကစားနည်းတွေကို ကြိုက်နှစ်သက်ကြောင်း ၊ ဒါကြောင့် ဒီ collection ရဲ့ ဆောင်းအငွေ့အသက် ဝတ်စုံလေးတွေက်ု တအားသဘောကျမိကြောင်း ဆိုပါတယ်။

Jennie ရဲ့ အကြိုက်အတိုင်း ဒီ collection ထဲမှာ နှင်းလျှောစီးတဲ့အခါ သက်တောင့်သက်သာဝတ်လို့ရတဲ့ outfit လေး ပါ.. ပါတယ်။ ဒီ COCO NEIGE collection ထဲက ဝတ်စုံတွေကို September 28 ရက်နေ့ကစပြီး ဝယ်ယူလို့ရနိုင်မှာ ဖြစ်ပါတယ်။

Source: Allkpop
Written: Violet