Celebrity News

BTS အဖွဲ့ရဲ့ လွှမ်းမိုးနိုင်မှုစွမ်းအားကို UN မှာ မိန့်ခွန်းပြောကြားရင်း ပြသသွားတဲ့ J-Hope

BTS အဖွဲ့ကတော့ UN အဖွဲ့အစည်းရဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့မှောက်မှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ Kpop အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့တာ တောင်ကိုရီးယားနိုင်ငံအတွက် တကယ့်ဂုဏ်ဆောင်မှုပါပဲ။

တချို့ကတော့ BTS က UN ကို ဘာသွားလုပ်တာလဲဆိုပြီး ဝေဖန်တာမျိုးရှိပေ‌မဲ့ BTS အဖွဲ့ဝင်တွေကတော့ စကားလေးတွေကနေတဆင့် သူတို့ရဲ့လုပ်နိုင်စွမ်းကို ပြသသွားပါတယ်။ အထူးသဖြင့် J-Hope ကို UNICEF ကတောင် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ပေးခဲ့ရပါတော့တယ်။

September 20 ရက်နေ့က ကျင်းပခဲ့တဲ့ ’76th UN General Assembly – SDG Moment’ မှာ BTS အဖွဲ့က တက်ရောက်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် အရေးပေါ်ပြဿနာဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး အကြံဉာဏ်ပြုရင်း အဖွဲ့ရဲ့ ကမ္ဘာ့ပိရိသတ်တွေအား လွှမ်းမိုးနိုင်မှုကို အသုံးပြုသွားပါတယ်။

J-Hope က “အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေက အရေးကြီးဆုံးအရာပါပဲ။ ဟုတ်တယ်မလား? ကျွန်တော်တို့အဖွဲ့ UN ကို လာမယ်ဆိုတဲ့ သတင်းကြားထွက်ပြီးတဲ့နောက် ဒီ (၇) ယောက် ကာကွယ်ဆေးကောထိုးပြီးပြီလား ဆိုပြီး အများစုက တွေးမိကြပါလိမ့်မယ်။

ဟုတ်ကဲ့, ကျွန်တော်တို့ (၇) ယောက်စလုံး သေချာပေါက် ကာကွယ်ဆေးထိုးပြီးသွားပါပြီ” လို့ ထည့်သွင်းပြောကြားပြီးတဲ့နောက် UNICEF က “ဒီလိုအရေးကြီးတဲ့ အကြောင်းအရာကို ထည့်သွင်းပြောကြားပေးတဲ့အတွက် BTS ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး စာထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း BTS အဖွဲ့ဝင် (၇) ယောက်စလုံး ဆေးထိုးပြီးကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။ J-Hope ရဲ့ ပြောကြားချက်ကို ကြားသိပြီးတဲ့နောက် ကမ္ဘာအနှံ့မှာရှိနေတဲ့ ပရိသတ်များဟာ “#GetVaccinated” ဆိုတဲ့ Hashtag ကို သုံးရင်း ကာကွယ်ဆေးထိုးကြဖို့ အချင်းချင်းလှုံ့ဆော်တိုက်တွန်းနေကြပါပြီ။

BTS အဖွဲ့ရဲ့ လွှမ်းမိုးနိုင်မှုစွမ်းအားဆိုတာ ဒါကိုပြောချင်တာပါ။ လူတစ်ယောက်ချင်းစီတိုင်းကို အာပေါက်မတတ်ပြောရင်း တစ်ခုမကျန် လိုက်လုပ်ပေးတာမျိုးကိုမှ အထူးတာဝန်ထမ်းဆောင်နိုင်တယ်လို့ မဆိုလိုပါဘူး။

စကားလေးတစ်ခွန်းနဲ့တောင် ကမ္ဘာ့လူသားတိုင်းကို ကာကွယ်ဆေးထိုးကြဖို့ လှုံ့ဆော်နိုင်တာကပဲ BTS အဖွဲ့အနေနဲ့ ဘယ်လောက်တောင် ဩဇာလွှမ်းမိုးနိုင်သလဲဆိုတာ ခန့်မှန်းလို့ရနေပါပြီ။

Source: Allkpop
Photos: Allkpop
Translated by Julix