Celebrity News

Oh My Girl ရဲ့ Album ကို ကူးချသုံးစွဲကြောင်း သက်သေတွေနဲ့တကွ ဝေဖန်‌ခံနေရတဲ့ Zhao Lusi

ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ နာမည်ကြီးမင်းသမီးလေး Zhao Lusi ကတော့ တောင်ကိုရီးယား Kpop အဖွဲ့ဖြစ်တဲ့ Oh My Girl ရဲ့ မကြာသေးခင်ကမှထွက်ထားတဲ့ album သစ် ‘DUN DUN Dance’ ကို ကူးချသုံးစွဲနေတယ်ဆိုပြီး အင်တာနက်သုံးစွဲသူတွေက သက်သေတွေနဲ့ ပြောဆိုနေကြပါတယ်။

Zhao Lusi ကတော့ ‘Rosy Wylie’ လို့ နာမည်လေးပေးထားတဲ့ ကိုယ်ပိုင် cafe ကို ဖွင့်လိုက်ကြောင်း သူမရဲ့ social media ကနေ ကြေညာခဲ့ပါတယ်။ ကော်ဖီဆိုင်လေးရဲ့ ပုံလေးတွေကိုလည်း တင်ပြီးခဲ့ပြီးနောက်မှာတော့ ဆိုင်တံခါးက ချစ်စရာပုံလေးတွေကို ကြည့်ကြရင်း စွပ်စွဲချက်တွေ စဖြစ်ခဲ့တာပါ။

ချစ်စရာကောင်းတဲ့ ယုန်လေးတွေ၊ ဝက်ဝံလေးတွေနဲ့ ခွေးလေးတွေကို ရေးဆွဲထားပုံဟာ ကိုရီးယား netizen တွေဆီကနေ စတင် ပြောဆိုဝေဖန်ခြင်းကို ရရှိခဲ့ပါတော့တယ်။ Zhao Lusi ရဲ့ ကော်ဖီဆိုင်အတွက် အသုံးပြုထားတဲ့ချစ်စရာပုံလေးတွေဟာ Oh My Girl ရဲ့ ‘Dun Dun Dance’ Album အတွက် တောင်ကိုရီးယား ပန်းချီဆရာ Yislow ကိုယ်တိုင်ဆွဲပေးထားတဲ့ Cover ပုံစံနဲ့ တော်တော်တူနေခဲ့တာပါ။

Yislow ရဲ့ ပန်းချီတွေဟာ ‘Dun Dun Dance’ အတွက် ရေးဆွဲပြီးနောက်ပိုင်း တအားကို လူသိများလာတာကြောင့် Lusi ဆိုင်ပုံကို မြင်တာနဲ့ ချက်ချင်းကို သတိထားမိခဲ့ကြပြီး ကိုရီးယားအင်တာနက်သုံးစွဲသူတွေက စတင်ပြောဆိုခဲ့ကြပါတော့တယ်။

“ဒါကြီးက ခိုးယူသုံးစွဲတာမဟုတ်ဘူးလား?” “အဲ့ cafe က ‘I Will Be The Best Patissier!’ ဆိုတဲ့ စကားလေးကိုတောင် ခိုးထားတာ” “Oh My Girl’s artwork နဲ့ တအားကို တူနေတာပဲ” “အဲ့ကောင်မလေးက ပန်းချီကို ယူသုံးထားတာပဲ” “အဲ့မင်းသမီးက copyright အတွက် သုံးစွဲခွင့်ပြုဖို့ ဝယ်ထားလို့လား?” စသဖြင့် အချေအတင်တွေ ဖြစ်နေပါနေပါတော့တယ်။

ဒီလိုစွပ်စွဲချက်တွေခံရပြီးနောက်မှာတော့ Zhao Lusi ဟာ ဆိုင်ရဲ့ ရှေ့မျက်နှာစာပုံကို အသစ်ရေးဆွဲထားတဲ့ကာတွန်းပုံစံနဲ့တကွ ပြန်တင်ပေးခဲ့ပြီး ပြဿနာကို ရှင်းခဲ့ပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် အားလုံးက စောင့်ကြည့်နေမှာမို့လို့ Lusi အနေနဲ့ အဖက်ဖက်ကို ဂရုတစိုက်လုပ်ရင်း ရှေ့ဆက်ရပါလိမ့်မယ်။

Source: Allkpop
Photos: Allkpop
Translated by Julix