Celebrity News

ချစ်ရသူလေးကို အရိပ်တကြည့်ကြည့်ရှိတဲ့အပြင် အားလုံးရှေ့မှာပဲ ပေါ်တင်ချစ်ပြနေတဲ့ Luhan

နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်သူ Luhan နဲ့ China’s Nation Daughter ဖြစ်သူ Guan Xiaotong တို့ စုံတွဲလေးကတော့ ခိုင်မာတဲ့ အချစ်ရေးကိုတည်ဆောက်လာခဲ့ကြတာ (၅) နှစ်နီးပါးရှိ‌ပါတော့မယ်။

ဒီကြားထဲ လမ်းခွဲပြတ်စဲကြောင်း ကောလဟာလတွေထွက်လာခဲ့ပေမဲ့ အခုချိန်ထိမြဲနေတာကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်တောင်ချစ်သလဲဆိုတာ မြင်သာနေပါတော့တယ်။ September 17 ရက်နေ့၊ Xiaotong ရဲ့ မွေးနေ့မှာလည်း Luhan ဟာ ချစ်သူကောင်လေးပီပီ ၁၂ နာရီတိတိမှာ မွေး‌နေ့ဆုတောင်းပေးခဲ့ပါတယ်။

ဒီလိုဆုတောင်းပေးတာက ၂၀၂၁ မှာဆိုရင် ၅ နှစ်ဆက်တိုက်ပါပဲ။ မွေးနေ့တင်မကဘဲ Luhan ဟာ Xiaotong ကို အများရှေ့မှာချစ်ပြနေတဲ့အကြောင်းလေးတွေက ပရိသတ်ကြားမှာ ရေပန်းစားနေပါတော့တယ်။ September 21 ရက်နေ့တုန်းက LuHan ဟာ သူ့ရဲ့‌လက်မှာ တက်တူးအသစ်ထိုးထားတဲ့ပုံကို Instagram ကနေ မျှဝေပေးခဲ့ပါတယ်။

အားလုံးက အမျိုးမျိုး အဓိပ္ပါယ်ကောက်ခဲ့ကြပေမဲ့ နောက်ဆုံးတော့ Xiaotong ရဲ့ Weibo account က Cover နဲ့ ဆင်တူနေတာကြောင့် LuHan ဟာ သူ့ကောင်မလေးအတွက် သွယ်ဝိုက်သောနည်းနဲ့ ချစ်ပြလိုက်ကြောင်း ရေပန်းစားခဲ့ပြန်ပါတယ်။

ဒါ့အပြင် September 21 ရက်နေ့ကကျရောက်ခဲ့တဲ့ Mid-Autumn Festival မှာတော့ Luhan ဟာ Xiaotong ကို အရိပ်တကြည့်ကြည့်နဲ့ကို မြတ်နိုးနေကြောင်း အားလုံးမြင်တွေ့ခဲ့ရပါတော့တယ်။ Xiaotong က “ဒီညအတွက် ကြက်ဥအနှစ်တွေနဲ့ Mooncake တွေစားဖို့ ပြင်ဆင်ခဲ့တယ်။

မင်းတို့ကော?” ဆိုပြီး ရေးသားတင်ခဲ့ပါတယ်။ Xiaotong က ပို့်စ်တင်ပြီး မိနစ် (၄၀) လောက်မှာပဲ Luhan က “ငါကတော့ ကြက်ဥအနှစ်နဲ့ Mooncake ကို ပိုကြိုက်တယ်” လို့ ရေးသားက ပုံလေးနဲ့တကွ ပို့စ်တင်ခဲ့ပါတော့တယ်။

ဒါကိုမြင်ပြီးနောက်မှာတော့ Luhan က သူ့ကောင်မလေးကို အီစီကလီနဲ့ သွယ်ဝိုက်ပြီး ချစ်ပြနေတာပဲ, လို့ ပရိသတ်တွေက အားကျစွာ ‌လက်ခံပြောဆိုခဲ့ကြပါတော့တယ်။ Social Media တွေပေါ်မှာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို တအားချပြလေ့မရှိတဲ့ ဒီစုံတွဲကတော့ ပရိသတ်တွေမမြင်နိုင်တဲ့နောက်ကွယ်မှာ နွေးထွေးပြီး ချစ်ပြနေကြမှာတော့ သေချာလောက်ပါတယ်။

Source: WhatsToday
Photos: Weibo
Translated by Julix