Celebrity News

BTS ဟာ UN နဲ့ မသက်ဆိုင်ဘူးလို့ ​ပြောတဲ့သူ​တွေကို V LIVE မှာ တည့်တိုးဖြေရှင်းလိုက်တဲ့ Suga

စက်တင်ဘာလ ၂၀ ရက်​နေ့မှာ BTS အဖွဲ့ဟာ ၇၆ ကြိမ်​မြောက် UN အ​ထွေ​ထွေညီလာခံကို ​တောင်ကိုရီးယားသမ္မတ Moon Jae In နဲ့အတူ တက်​​ရောက်ခဲ့ပြီး ၁၀ မိနစ်ခန့် မိန့်ခွန်း​ပြောကြားခဲ့ပါတယ်။ သူတို့အ​နေနဲ့ UN ညီလာခံကို တက်​​ရောက်ခဲ့တာ ၃ကြိမ်​မြောက်ရှိပြီဖြစ်ပါတယ်။

ဒါ​ပေမဲ့ ဒီတစ်​ခေါက် ညီလာခံကို​တော့ အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး​နောက် ပထမဆုံးအကြိမ် တက်​​ရောက်တာဖြစ်ပြီး သူတို့ရဲ့ ရုပ်ရည်​ချော​မောမှု​ကြောင့်သာမက အဖိုးတန်တဲ့ မိန့်ခွန်း​တွေ​ကြောင့် ကမ္ဘာတစ်ဝန်းက ပရိသတ်​တွေရဲ့ ချီးမွမ်းမှုကို ခံခဲ့ရပါတယ်။

သို့​သော်လည်း ချီးမွမ်းမှု​တွေနဲ့အတူ BTS လို K-Pop အဆို​တော်​တွေက ဘာ​ကြောင့် UN ညီလာခံကို တက်​​ရောက်ရတာလဲဆိုတဲ့ ​မေးခွန်း​တွေနဲ့ ​ဝေဖန်တိုက်ခိုက်မှု​တွေကိုလည်း ခံခဲ့ရပါတယ်။ စက်တင်ဘာလ ၂၂ ရက်​နေ့မှာ​တော့ BTS အဖွဲ့ဟာ Chuseok ​နေ့ကို ဆင်နွှဲဖို့အတွက် Naver ရဲ့ V LIVE က​နေတစ်ဆင့် ပရိသတ်​တွေနဲ့ ဆက်သွယ်ခဲ့ပြီး ဒီ​လို​ဝေဖန်ပြစ်တင်တဲ့ မှတ်ချက်​တွေနဲ့ ပတ်သက်ပြီး​တော့လည်း တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်​နေစဉ်မှာ BTS အဖွဲ့ဝင် Suga က BTS အဖွဲ့ဝင်​တွေဟာ နိုင်ငံ​ရေးသမား​တွေမဟုတ်ပဲ အဆို​တော်​တွေသာဖြစ်ပြီး ဘာ​ကြောင့် သူတို့ကို ညီလာခံဆီ ဖိတ်ကြားရတာလဲဆိုတဲ့ လူ​တွေရဲ့ ​မေးခွန်းနဲ့ ပတ်သက်ပြီး ​ပြောဆိုခဲ့တာပါ။

Suga က “စစချင်းမှာ လူ​တွေက မင်းတို့က အဆို​တော်​တွေ မဟုတ်ဘူးလား?ဘာလို့ အဲ့ကိုသွားမှာလဲ? ဘာသွားလုပ်မှာလဲဆိုပြီး ​ပြောကြတယ်။ တကယ်​တော့ ကျွန်​တော်တို့လည်း အဲ့ကိစ္စကို သတိထားမိပါတယ်။

ဒါ​ကြောင့်လည်း အဲ့ဒီကို သွားခဲ့တာပါ” လို့​ပြောပြခဲ့ပါတယ်။ အဲ့ဒီ​နောက် “ကျွန်​တော်တို့က အဲ့ဒီကို အထူးသံတမန်​ဆိုတဲ့ တာဝန်ကိုထမ်း​ဆောင်ဖို့ သွားတာဖြစ်တယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။ Suga က သူတို့ဟာ အ​ရေးကြီးတဲ့ကိစ္စတစ်ခုကို လုပ်​ဆောင်ဖို့ သွားတာဖြစ်တာ​ကြောင့် လူ​တွေ ဘယ်လို​တွေးလဲဆိုတာကို သူ့အ​နေနဲ့ ဂရုမစိုက်​ကြောင်းလည်း ​ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက UN အ​ထွေ​ထွေညီလာခံကို တက်​​ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး လူ​တွေဟာ သူတို့ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကိုပဲကြည့်ပြီး တစ်ဖက်​စောင်းနင်းအမြင်နဲ့ မြင်ဖို့ မလိုအပ်​ကြောင်းလည်း ​ပြောခဲ့ပါတယ်။

BTS အဖွဲ့ဟာ နယူး​ယောက်မြို့ကို ​ရောက်ရှိ​နေစဉ်အချိန်အတွင်း သမ္မတက​တော် Kim Jung Sook နဲ့အတူ Metropolitan Museum of Art ကိုလည်း သွား​ရောက်ခဲ့သလို စက်တင်ဘာလ ၂၃ ရက်​နေ့မှာလည်း ​တောင်ကိုရီးယားနိုင်ငံ ယဉ်က​ေျးမှု၊ အားကစားနဲ့ ခရီးသွားလာ​ရေးဝန်ကြီး Hwang Hee နဲ့အတူ နယူ​းယောက်မှာရှိတဲ့ ကိုရီးယားယဉ်​ကျေးမှုပြတိုက်ကို သွား​ရောက်ခဲ့ကာ ကိုရီးယားအနုပညာကို မြှင့်တင်ဖို့ သံတမန်​ရေးရာ တာဝန်​တွေကို ထမ်း​ဆောင်လျက်ရှိပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL