Celebrity News

၂၀၂၂ ခုနှစ်ထဲမှာ နာမည်ကြီး entertainment ​တွေက​နေ ​မွေးထုတ်​ပေးသွားမယ့် K-Pop အဖွဲ့အသစ်များ

ကိုရီးယား entertainment ကုမ္ပဏီ​တွေဟာ နှစ်စဉ်နှစ်တိုင်း ဂီတ​လောကထဲကို Idol အဖွဲ့အသစ်​တွေ K-Pop အနုပညာရှင်အသစ်​တွေ ​မွေးထုတ်​ပေးလျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာလည်း K-Pop ​လောကရဲ့ အထင်ကရ ကုမ္ပဏီကြီး​တွေက​နေ အဖွဲ့အသစ်​တွေကို ​မွေးထုတ်​ပေးဖို့ရှိ​နေတာ​ကြောင့် တကယ်ကို အပြိုင်အဆိုင်နဲ့ စိတ်လှုပ်ရှားစရာပါပဲ။

မကြာ​သေးခင်က netizen တစ်​ယောက်ဟာ SM, JYP, YG နဲ့ HYBE အပါအဝင် နာမည်ကြီး entertainment ​တွေက​နေ ၂၀၂၂ ခုနှစ်မှာ debut လုပ်​ပေးသွားမယ့် အဖွဲ့​တွေကို စာရင်းပြုစုခဲ့ပါတယ်။

အဲ့ဒီအဖွဲ့​တွေဟာ K-Pop စတုတ္ထမျိုးဆက်ရဲ့ ​ခေါင်း​ဆောင်​တွေဖြစ်လာနိုင်ရုံသာမက အနာဂတ်မှာ K-Pop ​စျေးကွက်ကို ကမ္ဘာ့​စျေးကွက်ဖြစ်တဲ့ထိ ပိုမိုကျယ်ပြန့်​အောင် လုပ်​ဆောင်နိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။ အဲ့ဒီအဖွဲ့​တွေက​တော့

1. SM Entertainment

Super Junior, EXO, SHINee, SNSD, Red Velvet, NCT နဲ့ aespa တို့လို ကမ္ဘာ​ကျော် K-Pop အဖွဲ့​တွေကို ​မွေးထုတ်​​ပေးခဲ့တဲ့ SM Entertainment က​တော့ အဖွဲ့ဝင် Jaemin, Jeno, Jisung နဲ့ အခြားအဖွဲ့ဝင်အသစ်​တွေပါတဲ့ NCT unit အသစ်တစ်ခုကို ​မွေးထုတ်ဖို့ စီစဉ်​နေပြီး တခြား​ယောကျ်ား​လေးအဖွဲ့အသစ်တစ်ဖွဲ့ကိုလည်း debut လုပ်​ပေးဖို့ ပြင်ဆင်လျက်ရှိပါတယ်။

2. JYP Entertainment

TWICE, Stray Kids, ITZY တို့ရဲ့ ​အေဂျင်စီဖြစ်တဲ့ JYP Entertainment က​နေလည်း ပွဲဦးထွက်ဖို့ ​စောင့်ဆိုင်း​နေတဲ့ အဖွဲ့အသစ်​တွေရှိ​နေပါတယ်။ မိန်းက​လေးအသစ်အတွက် အဖွဲ့ဝင်​တွေကို YouTube content အမျိုးမျိုးနဲ့ ထုတ်​ဖော်ပြသလျက်ရှိပြီး အခုချိန်ထိ သိထားသ​လောက်ဆိုရင်​တော့ Sullyoon, Jinni, Jiwoo, Kyujin တို့ ပါဝင်ပြီး သူတို့အပြင် မ​ဖော်ထုတ်ရ​သေးတဲ့ အဖွဲ့ဝင်​တွေလည်း ရှိဦးမှာပါ။

ဒါ့အပြင် မကြာ​သေးခင်က ‘LOUD’ audition အစီအစဉ်က​နေ ​​အောင်မြင်သွားတဲ့ Yoonmin, Lee Gye Hun, Amaru, Keiju နဲ့ Lee Dong Hyeon တို့ ပါဝင်တဲ့ ​ယောကျ်ား​လေးအဖွဲ့အသစ်ကိုလည်း ​debut လုပ်​ပေးဖို့ ရှိ​နေပါတယ်။

3. YG Entertainment

BigBang, 2NE1, Winner, iKON, BLACKPINK တို့ ရဲ့ ​အေဂျင်စီဖြစ်တဲ့ YG Entertainment ကလည်း ​နောက်နှစ်ထဲမှာ မိန်းက​လေးအဖွဲ့အသစ်တစ်ဖွဲ့ကို ​မွေးထုတ်ဖို့ ပြင်ဆင်​နေပါတယ်။ အဲ့ဒီအဖွဲ့အသစ်ကို​တော့ Baby Monsters ဆိုပြီး လူသိများပြီး အဖွဲ့ဝင်အ​​ရေအတွက်နဲ့ ပါဝင်မယ့်အဖွဲ့ဝင်​တွေကို​တော့ မသိရ​သေးပါဘူး။

4. HYBE

HYBE Corporation လက်​အောက်မှာဆိုရင်​တော့ Big Hit Label က ​ယောကျ်ား​လေးအဖွဲ့အသစ်၊ Source Music က IZ*ONE အဖွဲ့ဝင်​ဟောင်း Sakura ပါဝင်တဲ့ မိန်းက​လေးအဖွဲ့အသစ်နဲ့ Pledis Entertainment က ​ယောကျ်ား​လေးအဖွဲ့အသစ် စသဖြင့် အသီးသီး debut လုပ်ဖို့ ရှိ​နေကြပါတယ်။ ဒါ့အပြင် HYBE Corporation က Mnet ရဲ့ နာမည်ကြီး survival program ဖြစ်တဲ့ ‘I-LAND’ ရဲ့ မိန်းက​လေး version ကိုလည်း ပြုလုပ်သွားဖို့ စီစဉ်​နေပါတယ်။

5. Cube Entertainment

Cube Entertainment က​တော့ BTOB, Pentagon, CLC, (G)-Idle တို့ရဲ့ ​အေဂျင်စီဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ​ယောကျ်ား​လေးအဖွဲ့တစ်ဖွဲ့ကို debut လုပ်နိုင်ဖို့ စီစဉ်လျက်ရှိ​နေပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာ ‘Produce 101 Season 2’ မှာ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမှာ သရုပ်​ဆောင်လည်းလုပ်​နေတဲ့ Yoo Seon Ho လည်း ပါဝင်သွားမယ်လို့ ယူဆရပါတယ်။

6. Yue Hua Entertainment

Everglow ရဲ့ ​အေဂျင်စီဖြစ်တဲ့ Yue Hua Entertainment ကလည်း ၂၀၂၂ ခုနှစ်ထဲမှာ ​ယောကျ်ား​လေးအဖွဲ့သစ်ကို ​မွေးထုတ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အသစ်မှာ ‘Produce 101 Season 2’ ပြိုင်ပွဲဝင်​တွေဖြစ်တဲ့ Ahn Hyung Seop, Lee Eui Woong နဲ့ ‘I-Land’ ပြိုင်ပွဲဝင် Han Bin တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

7. Starship Entertainment

Monsta X, Sistar, WJSN တို့ရဲ့ ​အေဂျင်စီဖြစ်တဲ့ Starship Entertainment က​တော့ မိန်းက​လေးအဖွဲ့သစ်တစ်ဖွဲ့ ​မွေးထုတ်သွားမှာဖြစ်ပြီး အဲ့ဒီအဖွဲ့ထဲမှာ IZ*ONE အဖွဲ့ဝင်​ဟောင်း​တွေဖြစ်ကြတဲ့ Jang Won Young နဲ့ Ahn Yujin တို့လည်း ပါဝင်သွားမယ်လို့ သတင်း​တွေထွက်​ပေါ်​နေပါတယ်။

Source : Allkpop
Written : ZL