Celebrity News

၂၀၂၁ ခုနှစ်ရဲ့ ​နောက်ဆုံး ၃ လမှာ ထွက်ရှိသွားမယ့် သိပ္ပံနဲ့ သည်းထိတ်ရင်ဖိုအမျိုးအစား K-movie (၄) ခု

၂၀၂၁ ခုနှစ်ထဲမှာ K-drama ​ကောင်း​တွေသာမက စံချိန်တင်ပြီး ဝင်​ငွေများစွာရရှိခဲ့တဲ့ K-movie ​ကောင်းများစွာလည်း ထွက်ရှိခဲ့ပါတယ်။ အထူးသဖြင့် “Space Sweeper”, “Escape from Mogadishu” နဲ့ “Sinkhole” တို့လို ကမ္ဘာ့အဆင့်မီ သိပ္ပံနဲ့ စိတ်ကူးယဉ်သည်းထိတ်ရင်ဖိုဇာတ်ကား​​​တွေကို ရုံတင်ပြသနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကုန်ဆုံးဖို့ လပိုင်း​လောက်သာ လို​​တော့​ပေမဲ့ ဒီလပိုင်းထဲမှာပဲ စံချိန်တင်​ဝင်​ငွေရရှိမယ်လို့ ခန့်မှန်းရတဲ့ သိပ္ပံအက်ရှင်နဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​ကောင်း​တွေက ထွက်ရှိဖို့ ရှိ​နေပါ​သေးတယ်။ အဲ့ဒီဇာတ်ကား​တွေက​တော့

1. Jung-E

ဒီရုပ်ရှင်ကားကို​​တော့ K-movie ​တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ပြီး ကမ္ဘာ့အဆင့်မီ​အောင် ရိုက်ကူးချပြနိုင်ခဲ့သူလို့ တင်စားခံရတဲ့ ဒါရိုက်တာ Yeon Sang Ho က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ လက်ရာတွေဖြစ်တဲ့ “Train to Busan” နဲ့ “Peninsula” ဇာတ်ကား​တွေဟာ ကမ္ဘာအဝှမ်းမှာ ​အောင်မြင်မှုရရှိခဲ့ပါတယ်။

သူ့ရဲ့ လက်ရာအသစ်ဖြစ်တဲ့ “Jung-E” ရုပ်ရှင်ကားဟာ ကမ္ဘာ​ပေါ်မှာ ရာသီဥတု​ဖောက်ပြန်မှု​တွေဖြစ်​ပေါ်​နေပြီး လူလုပ်အမိုးအကာ​တွေထဲမှာ လူ​တွေ​နေထိုင်ကြရတဲ့ ၂၂ ရာစု​အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။

ဇာတ်ကားထဲမှာ လူ​​တွေဟာ မ​မျှော်လင့်ထားတဲ့ ​ဘေးအန္တရာယ်ဆိုးတစ်ခုကို ကြုံ​တွေ့ကြရပြီး အဲ့ဒီအရာ​ကြောင့်ပဲ Jung-E ဆိုတဲ့ လူ​တွေရဲ့ ဦး​နှောက်လုပ်​ဆောင်ပုံကို ပုံတူပွားနိုင်တဲ့ စက်ရုပ်ကို ​အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Netflix က​နေ ပြသသွားမှာဖြစ်ပြီး ပြသမယ့်ရက်အတိအကျ​တော့ မထွက်ရှိ​သေးပါဘူး။

2. Wonderland

​၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကို လွှမ်းမိုးမယ့် နောက်ထပ် စိတ်ကူးယဉ်သိပ္ပံဇာတ်ကားက​တော့ “Wonderland” ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူ​တွေကို သူတို့ချစ်ရတဲ့ ဆုံးပါးသွားပြီးသားလူ​တွေနဲ့ ​တွေ့ဆုံဆက်သွယ်လို့ရ​အောင် AI နည်းပညာနဲ့ ဝန်​ဆောင်မှု​ပေးတဲ့ အဖွဲ့တစ်ခုရဲ့အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်ညွှန်းဆန်းသစ်ရုံသာမက ဒီဇာတ်ကားထဲမှာ ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီး​တွေဖြစ်ကြတဲ့ Park Bo Gum, Bae Suzy, Gong Yoo, Choi Woo Shik, Jung Yu Mi, Kim Tae Yong နဲ့ Tang Wei တို့က ပါဝင်သရုပ်​ဆောင်သွားမှာပါ။ ဒီဇာတ်ကားကို​တော့ လာမယ့် ​အောက်တိုဘာလမှာ ပြသသွားမယ်လို့ သိရှိရပါတယ်။

3. Concrete Utopia

ဒီဇာတ်ကား​လေးက​တော့ ဆိုးလ်မြို့လယ်​ခေါင်မှာ ငလျင်​ဘေးအန္တရာယ်ကို ကြုံ​တွေ့ရပြီး​​နောက် အသက်ရှင်ကျန်ရစ်​အောင် ကြိုးစားကြပုံ​တွေကို ရိုက်ကူးပုံ​ဖော်ထားတာဖြစ်ပါတယ်။ “Concrete Utopia” ကို ဒါရိုက်တာ Um Tae Hwa က ရိုက်ကူး​သွားမှာဖြစ်ပြီး နာမည်ကြီး သရုပ်​ဆောင်​တွေဖြစ်ကြတဲ့ Lee Byung Hun, Park Bo Young နဲ့ Park Seo Joon တို့က အဓိကပါဝင်သစုပ်​ဆောင်ထားပါတယ်။

ဇာတ်လမ်းကို စတင်ရိုက်ကူး​နေပြီဖြစ်​ပေမဲ့ လက်ရှိမှာ မင်းသား Park Seo Joon ဟာ ​”The Marvels” ဇာတ်ကားကို LA မှာ သွား​ရောက်ရိုက်ကူး​နေတာ​ကြောင့် ဇာတ်ကားထုတ်လုပ်​ရေးပိုင်းမှာ ကြန့်ကြာမှု​လေး​တွေရှိ​နေပါတယ်။ ဒါ​ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လက သတင်း​တွေအရဆိုရင်​တော့ ဒီရုပ်ရှင်ကားကြီးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

4. Alien

“Alien” ဇာတ်ကားမှာ​တော့ ဂို​လျော​ခေတ်မှာ ​နေထိုင်တဲ့သူ​တွေအ​ကြောင်းနဲ့ လက်ရှိအချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓါးတစ်လက်ကို ရှာ​ဖွေဖို့ ​တောင်ကိုရီးယားကို ​ရောက်လာကြတဲ့ ဂြိုဟ်သား​တွေအ​ကြောင်း စသဖြင့် အ​ကြောင်းအရာ ၂ မျိုးနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ယခုနှစ် မတ်လမှာ စတင်ရိုက်ကူးခဲ့ပြီး ယခုနှစ် ဧပြီလမှာ ရိုက်ကူးပြီးစီးခဲ့ပါတယ်။ “Alien” ဇာတ်ကားထဲမှာဆိုရင်လည်း Kim Woo Bin, Kim Tae Ri, Ryu Jun Yeol, So Ji Sub တို့လို နာမည်ကြီး သရုပ်​ဆောင်​တွေအပြင် အခြားသရုပ်​ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကို​တော့ ယခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသသွားမယ်လို့ ခန့်မှန်းရပါတယ်။

Source : Kpopstarz
Photo : asianwiki, hancinema
Written : ZL