Celebrity News

Anniversary လုပ်ရင်း လက်ထပ်တော့မယ့်အကြောင်း အရိပ်အမြွက်ပေးနေတာဖြစ်နိုင်တဲ့ MarKim စုံတွဲ

September 23 ရက်နေ့ကတော့ ထိုင်းနိုင်ငံရဲ့ ချစ်စရာအကောင်းဆုံးစုံတွဲလေးဖြစ်တဲ့ Mark Prin နဲ့ Kimmy Kimberley တို့ရဲ့ “8 Years Anniversary” နေ့လေးဖြစ်ပါတယ်။ ကောင်းဆိုးအတူ ဖြတ်သန်းခဲ့ကြတဲ့ ဒီစုံတွဲရဲ့ နှစ်ပတ်လည်နေ့ကတော့ ပုံမှန်ထက်တောင် ကြည်နူးဖို့ကောင်းနေပါတော့တယ်။ လှပတဲ့ပင်လယ်ကြီးကို ခံစားရင်း နှစ်ဦးတည်းသီးသန့် အချိန်ယူဖြတ်သန်းခဲ့ကြတာပါ။

နှစ်ဝက်လောက်တုန်းက Kimmy ဟာ အသည်းကွဲသီချင်းကိုတင်ခဲ့ဖူးတာကြောင့် Kimberley နဲ့ Mark Prin တို့ လမ်းခွဲလိုက်ကြပြီ,ဆိုပြီး သတင်းတွေတက်လာခဲ့ပါတယ်။ ဒီလိုကောလဟာလကလည်း အကြိမ်ကြိမ်ပေါ်ထွက်ခဲ့ဖူးပေမဲ့ ဒီစုံတွဲကတော့ ချစ်စရာလေးတွေလုပ်ပြရင်း ချေပခဲ့တာချည်းပဲဖြစ်ပါတော့တယ်။

အခုတစ်ခါ ၈ နှစ်ပြည့် Anniversary နေ့မှာလည်း တကယ့်ကို ကြည်နူးဖို့ကောင်းတဲ့စုံတွဲပုံစံလေးကို ပြသခဲ့ပြန်ပါတယ်။ နှစ်ဦးသား ပျော်ရွှင်စွာဖြင့် ပင်လယ်ကြီးအလှကို ခံစားနေတဲ့ပုံလေးတွေအပြင် pre-wedding ပုံစံ နာမည်အတွဲလိုက်လေးကို ရိုက်ထားတဲ့ဓာတ်ပုံလေးပါ တင်ပေးခဲ့တာကြောင့် မကြာခင် လက်ထပ်မယ့်သတင်းများ ကြားရတော့မလားဆိုပြီး မျှော်နေကြပါပြီ။

ပုံတင်ရာမှာလည်း Kimberley က “အဆုံးမရှိတဲ့ ပျော်ရွှင်ဖွယ်ရာနေ့လေးပါ ဘေဘီ Mark ရေ” လို့ ရေးသားခဲ့ပြီး Mark ကလည်း “၈ နှစ်ပြည့်ကနေ အမြဲထာဝရပါ Kimmy” ဆိုပြီး အပြန်အလှန်ရေးသားတင်ခဲ့ပါတယ်။

Comment မှာလည်း ချစ်စရာကောင်းတဲ့ အပြောလေးတွေဟာ မြင်သူတကာ အားကျစရာပါပဲ။ သူတို့ရဲ့ အရေးအသားနဲ့ပုံလေးတွေကြောင့် လက်ထပ်ဖို့ပြင်ဆင်နေကြတာလည်း ဖြစ်နိုင်ကြောင်း ပရိသတ်တွေက ယူဆနေကြပါပြီ။ ၈ နှစ်တောင်ပြည့်သွားပြီဖြစ်တဲ့ Markim တို့ စုံတွဲလေးရဲ့ မင်္ဂလာသတင်းကိုလည်း နားစွင့်နေပါပြီနော်။

Source: Thaidaily
Photos: Instagram
Translated by Julix