Celebrity News

သံတမန်ခရီးစဉ်ကို ​​အောင်​မြင်စွာ အဆုံးသတ်ပြီး အမိ​မြေကို ​​အန္တရာယ်ကင်းကင်းနဲ့ ပြန်​လည်​ရောက်ရှိလာပြီဖြစ်တဲ့ BTS

BTS အဖွဲ့ဟာ ၇၆ ကြိမ်​မြောက် UN အ​ထေ​ွထွေညီလာခံကို ​တောင်ကိုရီးယား ယဉ်က​ေျးမှုနဲ့ အနာဂတ်မျိုးဆက်ဆိုင်ရာ အထူးသံတမန်များအဖြစ် နယူး​ယောက်မြို့မှာ တက်​​ရောက်ခဲ့ပြီး​နောက် စက်တင်ဘာလ ၂၄ ရက်​နေ့ မနက်ပိုင်းမှာ ​မွေးရပ်​မြေဖြစ်တဲ့ ​တောင်ကိုရီးယားနိုင်ငံသို့ အဆင်​ပြေ​ပြေ​ချော​ချော​မွေ့​မွေ့ ပြန်လည​်ရောက်ရှိလာခဲ့ပါတယ်။

ထိုခရီးစဉ်အတွင်း Metropolitan Museum of Art နဲ့ နယူး​ယောက်မှာရှိတဲ့ ကိုရီးယားယဉ်​ကျေးမှုပြတိုက်ကို သွား​ရောက်ခဲ့သလို Coldplay, Megan Thee Stallion တို့လို အနုပညာရှင်​တွေနဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ အိမ်ပြန်ခရီးကို ကိုရီးယားသတင်းမီဒီယာများစွာနဲ့ ပရိသတ်​တွေက အင်ချွန်း​​လေဆိပ်မှာသွား​ရောက်ကြိုဆိုခဲ့ပြီး အဖွဲ့ဝင်​တွေရဲ့ ဓါတ်ပုံ​တွေကိုလည်း အမိအရ ရိုက်ယူခဲ့ပါတယ်။ ​​BTS အဖွဲ့ အင်ချွန်း​လေဆိပ်ကို ပြန်လည်​ရောက်ရှိလာတဲ့အချိန်မှာပဲ ကံ​ကောင်းတဲ့ ဖိလစ်ပိုင် ARMY တစ်ဦးဟာ မ​မျှော်လင့်ပဲ BTS အဖွဲ့ကို ​တွေ့ခွင့်ရခဲ့ပါတယ်။

Marcelino Crespo Jr လို့ အမည်ရတဲ့ အဲ့ဒီ ARMY ဟာ BTS အဖွဲ့ကို ​လေဆိပ်မှာ​တွေ့ခဲ့ရုံမက စစ်​ဆေး​ရေးဂိတ်ကို ဖြတ်သန်းချိန်မှာလည်း ​BTS အ​ရှေ့မှာ တန်းစီခဲ့ရ​ကြောင်းကို သူ့ရဲ့ Facebook account က​နေ ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

သူဟာ BTS အဖွဲ့ရဲ့ ​ပုဂ္ဂိုလ်​ရေးကို ​လေးစား​သောအားဖြင့် သူတို့အနားကို မကပ်ခဲ့ပဲ သူ့​နေရာက​နေ မြင်ရတဲ့ Suga, V နဲ့ J-Hope တို့ရဲ့ ပုံ​စံတွေကိုသာ ရိုက်ကူးခဲ့ပြီး TikTok မှာ BTS အဖွဲ့​တွေ​ ကိုဗစ်စစ်​ဆေးမှုခံယူ​​နေတဲ့ ဗီဒီယိုကို မျှ​ဝေခဲ့ပါတယ်။

ဗီဒီယိုထဲမှာ “ဒါတကယ်ပဲလား? ငါ အင်ချွန်း​အပြည်ပြည်ဆိုင်ရာ​လေဆိပ်မှာ BTS ကို​တွေ့ခဲ့တယ်” ဆိုပြီး ​ရေးသားထားကာ အဲ့ဒီဗီဒီယိုဟာ နာရီပိုင်းအတွင်း ကြည့်ရှုသူများစွာရှိခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ၂ နှစ်ကြာမှ သွားရတဲ့ BTS အဖွဲ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တာ​ကြောင့် ပရိသတ်​တွေက ခရီးစဉ်တစ်​လျှောက်မှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ကြပြီး ​​ရှေ့​လျှောက် ခုလို နိုင်ငံခြားခရီးစဉ်​တွေ များစွာရှိလာဖို့နဲ့ world tour ​တွေလုပ်ဖို့ ​မျှော်လင့်​နေကြပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL