Celebrity News

Kpop အဖွဲ့တွေ မလုပ်နိုင်သေးတဲ့ စံချိန်သစ်ကို ပထမဆုံးရရှိခဲ့တဲ့ BLACKPINK

BLACKPINK အဖွဲ့ကတော့ စံချိန်ပေါင်းများစွာတင်ထားတဲ့ ကမ္ဘာ့အကျော်ကြားဆုံး မိန်းကလေးအဖွဲ့ဖြစ်ပါတယ်။ မှတ်တမ်းတင်သီချင်းပေါင်းများစွာကိုလည်း အဖွဲ့လိုက်ရေးထိုးဂုဏ်တင်ထားပြီး အခုတစ်ခါမှာလည်း Kpop အဖွဲ့တွေအားလုံးထဲမှာ ဘယ်သူမှမလုပ်နိုင်သေးတဲ့ စံချိန်ကို “DDU-DU DDU-DU” သီချင်းနဲ့ ပထမဆုံး ရရှိနိုင်ခဲ့ပြန်ပါပြီ။

BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” သီချင်းကတော့ တကမ္ဘာလုံးမှာ အလွန်အင်မတန်နာမည်ကြီးသွားပြီးနောက် YouTube မှာ ဝင်ရောက်ကြည့်ရှုနားဆင်မှုပေါင်း 1.7 Billion ကျော်သွားခဲ့ပါပြီ။ ဒီစံချိန်ကတော့ Kpop အဖွဲ့တွေထဲမှာ ဘယ်သူမှ မပြုလုပ်နိုင်သေးတာကြောင့် BLACKPINK အဖွဲ့က စံချိန်တင်လိုက်တဲ့ ပထမဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်လာပါတယ်။

1.7 billion views ရရှိဖို့ ၃ နှစ်၊ ၃ လနဲ့ ၈ ရက်သာ ကြာမြင့်ခဲ့တဲ့ “DDU-DU DDU-DU” သီချင်းကလည်း အမြင့်ဆုံးစံချိန်ကို ပထမဆုံးမှတ်တင်းတင်နိုင်ခဲ့တဲ့ ရာဇဝင်တွင်သီချင်းလေးဖြစ်သွားပါပြီ။ K-pop သီချင်းတွေအားလုံးထဲမှာတော့ တကိုယ်တော်တေးသံရှင် PSY ရဲ့ “GANGNAM STYLE” က အမြင့်ဆုံးစံချိန်တင်ထားပြီး အဖွဲ့လိုက်ဆိုရင်တော့ BLACKPINK က ဦးဆောင်နေပါတယ်။

မိန်းကလေးအဖွဲ့တွေထဲမှာတင်မက Kpop Group အသိုင်းအဝိုင်းတစ်ခုလုံးမှာပါ ဦးဆောင်နေတဲ့ BLACKPINK အဖွဲ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။ စံချိန်တင် သီချင်းကောင်းလေး “DDU-DU DDU-DU” ကို နားဆင်ရင်း အောင်မြင်မှုတွေအတွက် ကျေနပ်ပီတိဖြစ်ရင်း ဂုဏ်ဆာကြရအောင်။

Source: Soompi
Photos: BLACKPINK
Translated by Julix