Celebrity News

BLACKPINK member အကုန်လုံး ပွဲတက်မဲ့ 2021 ခုနှစ်ရဲ့ ‘Paris Fashion Week’

Korea သတင်းမီဒီယာတွေရဲ့ စုံစမ်းချက်အရ BLACKPINK member ဝင်တွေအကုန်လုံးဟာ လာမဲ့ September 28 ကနေ October 5 ရက်နေ့ထိ ပြင်သစ်နိုင်ငံ Paris မြို့တော်မှာ ကျင်းပမဲ့ “2022 Spring/Summer Paris Fashion Week” ကို သူတို့ရဲ့ သက်ဆိုင်ရာ Brand ကိုယ်စားပြုအနေနဲ့ တက်ရောက်သွားမှာပါ။

Jisoo ကတော့ ‘Dior’ Global Brand Ambassador ဖြစ်တဲ့အတွက် The ‘Dior Collection’ show ကျင်းပမဲ့နေ့ September September 28 ရက်နေ့ 2:30 pm အရောက်သွားမှာပါ။ ထိုနေ့ 8pm မှာဘဲ ‘Yves Saint Laurent Collection” ပြသမှာဖြစ်တာကြောင့် YSL brand Ambassador ဖြစ်သူ Rosé ဟာ ပွဲမှာရှိနေမှာ ဖြစ်ပါတယ်။

Lisa ကတော့ လောလောဆယ် သူမရဲ့ solo album activities တွေကြောင့် schedule တွေကျပ်နေပေမဲ့ သူမဟာ “Celine”ရဲ့ Global Ambassador ဖြစ်တာကြောင့် ပွဲကို တက်ဖြစ်အုံးမှာပါ။ BLACKPINK member တွေဟာ Paris ကိုသွားဖို့အတွက် September 25 ရက်နေ့ နေ့လည်မှာ အင်ချွန်းလေဆိပ်ကနေ စ ထွက်မယ်လို့လည်း သတင်း”ရ”ထားပါတယ်။

၄ယောက်ထဲကမှ Jennie ဟာ ထိုနေ့မှာ အတူသွားမသွားက မသေချာသေးပါဖူး။ အကြောင်းက “Jennie” Global Brand Ambassador လုပ်နေတဲ့ “Chanel” ရဲ့ collection က October 5 ရက်နေ့ 10:30 AM မှ ပြသမှာမို့လို့ ဖြစ်ပါတယ်။

အရင်နှစ်တွေကလည်း သူမတို့တတွေဟာ ပြောစမှတ်တွင်စရာ fashion style အလန်းလေးတွေဝတ်ပြီး ပွဲတက်ခဲ့တာကြောင့် ဒီနှစ်မှာလည်း ဘယ်လို outfit တွေ ဝတ်ပြီးတက်မလည်းဆိုတာ ရင်ခုန်နေပါပြီ။

Source: Allkpop
Written: Violet