Celebrity News

‘Ideal husband’ အဖြစ် အားလုံးက အလိုရှိသူဖြစ်နေတဲ့ မင်းသား Xiao Zhan

Xiao Zhan ကတော့ စကားလေးတွေကို လှလှပပပြောတတ်တာကြောင့် မိန်းကလေးတွေ အသည်းစွဲရပါတယ်။ မကြာသေးခင်က Xiao Zhan ဟာ အစီအစဉ်တစ်ခုမှာ ပါဝင်လာခဲ့ပြီး ထိုပွဲမှာပဲ အချစ်နဲ့ အိမ်ထောင်ရေးအကြောင်း သူ့ရဲ့ အတွေးအမြင်ကို အဓိပ္ပါယ်အပြည့်ရှိတဲ့ စကားလုံး (၃) လုံးနဲ့ ဖော်ပြခဲ့တာကြောင့် netizen ဆွေက ချီးမွမ်းလို့မဆုံးနိုင်အောင် ဖြစ်နေကြပါတော့တယ်။

အစီအစဉ်တစ်ခုရဲ့ အထူးအပိုင်းသစ်မှာတော့ အဓိက guest အဖြစ် ရောက်လာသူက Xiao Zhan ပါ။ ထုံးစံအတိုင်း အားလုံးက Xiao Zhan ရဲ့ အရှိန်အဝါမှာ မျောနေတုန်း မေးခွန်းတွေကို အကောင်းဆုံးဖြေပေးခဲ့တဲ့ Xiao Zhan ဟာ အားလုံးကို သိမ်းပိုက်သွားပြန်ပါတယ်။

အချစ်နဲ့အိမ်ထောင်ရေးအတွက် ခံယူချက်ကိုမေးတဲ့အခါ Xiao Zhan က လေးနက်စွာနဲ့ ‌တည်တည်တံ့တံ့ဖြေပေးခဲ့ပါတယ်။ Xiao Zhan က “အချစ်နဲ့ အိမ်ထောင်ရေးအတွက် ကျွန်တော့်ရဲ့ခံစားချက်က ယုံကြည်မှု၊ လေးစားမှု နဲ့ ရိုးသားမှု ပါပဲ” လို့ ဖြေပေး‌ခဲ့ပါတယ်။ စကားလုံးလေး (၃) လုံးဆိုပေမဲ့ ဆိုလိုတဲ့အဓိပ္ပါယ်က လေးနက်ပြီး တန်ဖိုးရှိလွန်းတာကြောင့် Xiao Zhan ကို သဘောကျနေပါတယ်။

Xiao Zhan ကိုယ်တိုင်ကလည်း ချစ်ခြင်းမေတ္တာအပြည့်ရှိတဲ့ မိဘနှစ်ပါးရဲ့ ပျိုးထောင်မှုကြောင့် ရှောင်းကျန့်ကိုယ်တိုင်လည်း နှလုံးသားက နူးညံ့နွေးထွေးလွန်းပါတယ်။ အတွေးကောင်းတဲ့အပြင် နွေးထွေးကာ နားလည်မှုလည်း အပြည့်ပေးနိုင်တဲ့ Xiao Zhan ကြောင့်ပဲ “Ideal Husband” အဖြစ် အားလုံးက အလိုရှိနေပြန်ပါပြီ။

Netizens တွေကဆိုကို Xiao Zhan လက်တွဲမယ့် အနာဂတ်အမျိုးသမီးလေးဟာ ဘဝမှာ ကံအကောင်းဆုံးမိန်းကလေးဖြစ်လိမ့်မယ်ဆိုပြီး ကြည်နူးနေကြပြန်ပါသေးတယ်။ Xiao Zhan ပြောခဲ့တဲ့ ဖော်ပြချက် (၃) ခုဟာ Relationship တစ်ခုမှာ တကယ့်ကို လိုအပ်တဲ့အရာတွေပါပဲ။

Source: Chinapress
Photos: Weibo
Translated by Julix