Celebrity News

tvN drama အသစ်ထဲမှာ မတည့်အတူ​နေ ညီအစ်မ​တွေအဖြစ် မြင်​တွေ့ရဦးမယ့် Kim Go Eun နဲ့ Nam Ji Hyun

ပရိသတ်အချစ်​တော် ‘Goblin’ မင်းသမီး Kim Go Eun နဲ့ ‘100 Days My Prince’ မင်းသမီး Nam Ji Hyun တို့ကို ဇာတ်လမ်းတွဲတစ်ခုထဲမှာ အတူတကွမြင်​တွေ့ရ​တော့မှာဖြစ်ပါတယ်။

ကိုရီးယားရဲ့ နာမည်ကြီး မီဒီယာ​တွေဖြစ်တဲ့ Sports Chosun နဲ့ JTBC ရဲ့ ​ပြောကြားချက်အရဆိုရင် Nam Ji Hyun နဲ့ Kim Go Eun တို့ဟာ tvN ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲ “Little Women” မှာ ဇာတ်​ဆောင်မင်းသမီး​တွေအဖြစ်ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းအရ အဓိကအမျိုးသမီးဇာတ်​ဆောင် ၃ ​ယောက်ရှိရမှာဖြစ်တာ​ကြောင့် ​ကျန်ရှိတဲ့ မင်းသမီးတစ်​ယောက်က​တော့ ဘယ်သူဖြစ်မလဲဆိုတာကို မသိရ​သေးပါဘူး။ “Little Women” ဇာတ်လမ်းတွဲဟာ ညီအစ်မ ၃ ဦးရဲ့ ​ချစ်ခြင်း​မေတ္တာ၊ သံ​ယောဇဉ်နဲ့ တစ်ဦးကိုတစ်ဦးအား​ပေးကူညီကြပုံ​တွေကို ရိုက်ကူးပုံ​ဖော်ထားတာပါ။

မင်းသမီး Kim Go Eun က အမအကြီးဆုံးအဖြစ် သရုပ်​ဆောင်သွားမှာဖြစ်ပြီး မင်းသမီး Nam Ji Hyun က အမအလတ်အဖြစ် သရုပ်​ဆောင်သွားမှာဖြစ်ပါတယ်။ ညီမအငယ်ဆုံးအဖြစ် သရုပ်​ဆောင်မယ့် မင်းသမီးကို​တော့ ​ရွေးချယ်​နေဆဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို “Money Flower”, “The Crowned Clown” နဲ့ “Vincenzo” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Hee Won က ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်ညွှန်းကို​တော့ “Mother” နဲ့ “The Handmaiden” တို့လို နာမည်ကြီးရုပ်ရှင်ကား​တွေရဲ့ ဇာတ်ညွှန်းကို ​ရေးသားခဲ့တဲ့ ဆရာမ Jeong Seo Kyung က ​ရေးသားထားတာဖြစ်ပါတယ်။

“Little Women” ဇာတ်လမ်းတွဲကို Studio Dragon က ထုတ်လုပ်သွားမှာဖြစ်ပြီး သရုပ်​ဆောင်​တွေ​ရွေးချယ်ပြီးတာနဲ့ ယခုနှစ်ထဲမှာ ရိုက်ကူး​ရေးစတင်ဖို့ ပြင်ဆင်​နေပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ထုတ်လွှင့်ပြသသွားဖို့ စီစဉ်ထားပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL