Celebrity News

CH7 အနုပညာရှင်တွေထဲမှာ follower အများဆုံးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် (၅) ဦး

CH7 ဆိုတာက ထိုင်းဖျော်ဖြေရလောကထဲမှာ rating ကောင်းတဲ့ ဇာတ်လမ်းရုပ်ရှင်ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ အေဂျင်စီပါ။ ထိပ်တန်းအနုပညာရှင်တွေနဲ့လည်း လက်တွဲထားတာဖြစ်လို့ အောင်မြင်မှုမလျော့တဲ့အေဂျင်စီပါပဲ။ အေဂျင်စီလက်အောက်က သရုပ်ဆောင်တွေအနက် IG Followers အများဆုံးပိုင်ဆိုင်ထားတဲ့အနုပညာရှင် (၅) ဦးကို ဖော်ပြပေးပါမယ်။

(1) Aum Patchrapa

အနုပညာလောကထဲမှာ အနှစ် (၂၀) ကျော်ကြာ နေရာယူထားနိုင်သူဖြစ်ပြီး ယနေ့ထိလည်း ကျော်ကြားနေဆဲဖြစ်တဲ့ Aum Patchrapa ကတော့ အဆင့် (၁) နေရာကို ယူထားပါတယ်။

ဇာတ်ကောင်ကောင်းတွေကိုလည်း သရုပ်ဆောင်ရတာဲ့အပြင် ကာလာစုံအရည်အချင်းတွေပြသနိုင်တာကြောင့် ပြည်တွင်းပြည်ပ, ပရိသတ်တွေ အများကြီးတိုးလို့နေပါတယ်။ Aum ရဲ့ Instagram account ဟာ ဆိုရင် Follower ပေါင်း 13 M ကျော် ရှိနေပါပြီ။

(2) Weir Sukollawat

ထိပ်တန်းမင်းသား Weir Sukollawat ကတော့ Follower ပေါင်း 4.1 M ကျော် ရှိနေတာကြောင့် အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။ CH7 မင်းသားတွေထဲမှာတော့ Weir Sukollawat က အနုပညာလောကရဲ့ ရှေ့ဆောင်လမ်းပြပါပဲ။ စီနီယာမင်းသားဖြစ်သူ Weir က Station7 ရဲ့လက်စွဲတော်မင်းသားလည်း ဖြစ်ပါတော့တယ်။

(3) Now Tisanart

လက်တလောနာမည်ကြီးနေတဲ့ ဇာတ်လမ်းမင်းသမီး Now Tisanart ကတော့ CH7 ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာပါတယ်။ Follower ပေါင်း 1.5 M ကျော်ရှိနေပြီး တနေ့တခြား တိုးများလို့လာနေပါတယ်။ Now ကတော့ လက်ရှိအချိန်ရဲ့ နာမည်အကြီးဆုံးမင်းသမီးလေးတစ်ဦးအဖြစ် နာမည်ရနေပါပြီ။

(4) Minnie Phantira

တက်သစ်စမင်းသမီးငယ်လေး Minnie Phantira ကတော့ IG မှာ Followers ပေါင်း 1.4 M ရှိနေပါတယ်။ ချစ်စရာကောင်းပြီး လှပတဲ့ပုံစံလေးအပြင် ထက်ထက်မြက်မြက်ဖြစ်တာကြောင့် Minnie က ထိုင်းပရိသတ်တွေကြားထဲမှာ နာမည်ကြီးလှပါတယ်။ စီနီယာသရုပ်ဆောင်တွေထက်တောင် ကျော်ကြားနေပြီး Girl From Nowhere 2 ပြသပြီးတဲ့နောက် ပိုပြီးနာမည်ရလာပါတယ်။

(5) Mike Pattaradet

CH7 ရဲ့ နာမည်ကြီးမင်းသားဖြစ်သူ Mike Pattaradet ကတော့ Follower ပေါင်း 1.3 M ကျော် ရှိပါတယ်။ 1990 ဖွား နာမည်ကြီးမင်းသားစာရင်းဝင်ဖြစ်ပြီး မိန်းကလေးပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်။ ဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း အနာဂတ်မှာတော့ channel 7 ရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်လာဦးတော့မှာပါ။

Source: ThaiDaily
Photos: Instagram
Translated by Julix