Celebrity News

သန်းချီတန်တဲ့ ဇိမ်ခံတိုက်ခန်းကျယ်ကြီးကို ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့တဲ့ Cha Eunwoo

ASTRO’s Cha Eunwoo ကတော့ မကြာသေးကမှ မီလီယံချီတဲ့ ဇိမ်ခံမိုးမျှော်တိုက်ခန်းကို ငွေသားဖြင့်ပေးချေကာ ဝယ်ယူခဲ့တာကြောင့် EunWoo ရဲ့ ကြွယ်ဝချမ်းသာမှုကို ပရိသတ်တွေက အံ့ဩခဲ့ကြပြီး ပိုင်ဆိုင်မှုအား စိတ်ဝင်စားခဲ့ကြပါတယ်။ ၂၄ နှစ်အရွယ် Eunwoo ဟာ Cheongdam-dong မှာ ရှိတဲ့ Ville Polaris Penthouse ကို ဝယ်ယူခဲ့တာပါ။

ဒီအပိုင်းကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က လူကုံထံရပ်ကွက်ဖြစ်တဲ့ Gangnam ဖက်ခြမ်းက ရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ ငွေကြေးချမ်းသာလွန်းတဲ့ ဓနရှင်ပေါင်းများစွာနေထိုင်ရာ ရပ်ကွက်ဆိုပြီး နာမည်ကြီးတဲ့နေရာမှာပဲ EunWoo က ‌သန်းချီတန်တဲ့ ဇိမ်ခံတိုက်ခန်းကို ဝယ်ယူလိုက်တာပဲဖြစ်ပါတယ်။

Cha Eunwoo ရဲ့ အိမ်ပိုင်ရှင်အဟောင်းကတော့ Samsung C&T အဖွဲ့အစည်းရဲ့ ဒါရိုက်တာချုပ်ဖြစ်သူ Choi Chi Hoon ပဲ ဖြစ်ပါတယ်။ ကာလပေါက်ဈေးအရ အဆိုပါ အိမ်ဟာ ကိုရီးယားဝမ် ₩4.90 billion ရှိပြီး အမေရိကန်ဒေါ်လာ $4.17 million (သိန်းပေါင်း ၆၀၀၀ ကျော်) အထိ တန်ကြေးမြင့်ပါတယ်။

EunWoo ကတော့ ချက်ချင်းကို ငွေသားဖြင့် ငွေချေခဲ့ကာ ဝယ်ယူခဲ့တာပါ။ အိမ်ပုံစံကတော့ ‌အထပ် ၂၀ မှာ ရှိပြီး အထပ်တစ်ထပ်မှာ တိုက်ခန်းတစ်ခန်းပဲ ရှိတာကြောင့် Cha Eunwoo ရဲ့ လုံခြုံရေးအတွက် စိတ်ချရပါတယ်။ ‌

သတင်းတွေအရ EunWoo ဝယ်ယူလိုက်တဲ့ ဇိမ်ခံတိုက်ခန်းဟာ အိပ်ခန်း (၄) ခန်းပါပြီး ရေချိုးခန်း (၃) ခန်းပါတာမို့လို့ တော်တော်ကို ကျယ်ဝန်းတဲ့အနေအထားပါပဲ။ မင်းသမီး Park Min Young ကလည်း အဆိုပါ အဆောက်အဦမှာ နေထိုင်နေပါတယ်။

Cha Eunwoo ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုတွေကို netizen တွေက သိချင်နေကြပြီး အနုပညာသက်တမ်း ၆ နှစ်အတွင်းမှာပဲ အခုလိုမျိုး ဇိမ်ခံအိမ်ကြီးကို ဝယ်ယူနိုင်တဲ့အထိ ကြိုးစားနိုင်ခဲ့လို့လည်း ဂုဏ်ယူနေကြပါတယ်။

အဆိုတော် – မင်းသားတစ်ဦးအနေနဲ့ မအားလပ်အောင် အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတဲ့ EunWoo လေးကတော့ ဇိမ်ခံတိုက်ခန်းကြီးမှာ အပန်းဖြေအနားယူနိုင်ပါတော့မယ်။

Source: Allkpop
Photos: Allkpop
Translated by Julix