Celebrity News

နာမည်ကြီး အဆိုတော်အဖွဲ့တွေ ပါ ပါမဲ့ B.I. ရဲ့ ပထမဆုံး online solo concert

iKON အဖွဲ့ရဲ့ Leader ဖြစ်သူ B.I. ဟာ သူ့ရဲ့ scandal တွေကြောင့် YG Entertainment မှ နှုတ်ထွက်ခဲ့ပြီး အခြေအနေတွေငြိမ်သွားတဲ့အခါမှာ ကိုယ်ပိုင် Entertainment ထောင်ကာ အနုပညာလောက ထဲ ပြန်ဝင်လာခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာ B.I ဟာ Destiny Rogers နဲ့ Tyla Yaweh တို့နဲ့ အတူဆိုထားတဲ့ “Got It Like That” သီချင်းသစ်ထွက်ရှိခဲ့ပါတယ်။ June လ မှာတော့ B.I ရဲ့ တကိုယ်တော် album “Waterfall” ထွက်ရှိခဲ့ပါတယ်။

ဒီကြားထဲမှာတော့ တရားရုံးခဏခဏသွားရတဲ့ အခြေအနေမျိုးတွေရှိခဲ့ပေမဲ့ B.I ကို ယုံကြည်အားပေးတဲ့ ပရိသတ်တွေကြောင့် B.I ဟာ ခုဆို online concert ပါ လုပ်တော့မှာ ဖြစ်ပါတယ်။ ‘131 LIVE Presents: B.I First Online Concert’ ဆိုတဲ့ နာမည်နဲ့ October လ 2 ရက်နေ့ 11PM EST မှာ တကမ္ဘာလုံးက ပရိသတ်တွေ တိုက်ရိုက်ကြည့်ရှုလို့ရအောင် လွှင့်မှာဖြစ်ပါတယ်။

တကိုယ်တော် online concert ဆိုပေမဲ့ special guest တွေလည်း ပါ..ပါသေးတယ်။ Pink Sweat$, AFGAN, Epik High နဲ့ Destiny Rogers တို့ဟာ B.I နဲ့အတူ ပွဲမှာ ပါဝင်သီဆိုပေးမှာ ဖြစ်ပါတယ်။ ဒီ online concert ပွဲကြီးကိုတော့ IOK Music x 131 Label တို့ပူးပေါင်းစီစဉ်ထားတာ ဖြစ်ပါတယ်။ ပွဲကြည့်ဖို့ ticket တွေကိုတော့ 131 Label ရဲ့ တရားဝင် SNS acc တွေမှာ စုံစမ်းကြိုတင်ဝယ်ယူလို့ရနေပါပြီ။

Source: Allkpop
Written: Violet