Celebrity News

Kwon Hyun Bin ရဲ့ ဇာတ်ကားသစ်အတွက် အား​ပေးမှုကို ပြသခဲ့ကြတဲ့ Jin နဲ့ မင်းသား Yoo Seung Ho

BTS အဖွဲ့ဝင် Jin ဟာ ၉၂ ခုနှစ်ဖွား Idol ​​တွေအပြင် ရုပ်ရှင်သရုပ်​ဆောင်အချို့နဲ့လည်း ရင်းနှီးတယ်လို့ လူသိများပါတယ်။ ဒါ​ပေမဲ့ ​ချော​မောပြီး နာမည်ကြီးတဲ့ မင်းသား Yoo Seung Ho နဲ့ Kwon Hyun Bin တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေးရှိ​ကြောင်းကို​တောင် ARMY ​တွေ​တောင် သိပ်မသိကြပါဘူး။

စက်တင်ဘာလ ၂၄ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာ​တွေရဲ့ သတင်းထုတ်ပြန်ချက်အရ Jin နဲ့ မင်းသား Yoo Seung Ho တို့ဟာ Kwon Hyun Bin ပါဝင်သရုပ်​ဆောင်​နေတဲ့ “The Red Sleeve Cuff” ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းကို ​ကော်ဖီကား ပို့​ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဒီလိုမျိုး ​ကော်ဖီကားပို့​ပေးရတဲ့ အ​ကြောင်းအရင်းက​တော့Kwon Hyun Bin ကို အား​ပေးဖို့အတွက်ပဲဖြစ်ပါတယ်။ Banner ​ပေါ်မှာလည်း “စူပါစတား Kim Seok Jin နဲ့ နိုင်ငံ့မင်းသား Yoo Seung Ho တို့ဟာ Kwon Hyun Bin ကိုသာ အား​ပေးပါတယ်” ဆိုတဲ့ စာကို ​ရေးသားထားပါတယ်။

ဒီအ​ကြောင်းဟာ ARMY ​တွေတင်သာမက မင်းသား Yoo Seung Ho နဲ့ Kwon Hyun Bin ရဲ့ ပရိသတ်​တွေကိုပါ အံ့အားသင့်​စေခဲ့ပြီး စိတ်လှုပ်ရှား​စေခဲ့ပါတယ်။ သူတို့ ၃ ​ယောက်ကြားမှာ ဒီလိုဆက်ဆံ​ရေးမျိုးရှိတယ်ဆိုတာ ဘယ်သူကမှ ထင်မထားမိလို့ပါပဲ။

Jin နဲ့ Yoo Seung Ho ရဲ့ လက်​​ဆောင်ဟာ Kwon Hyun Bin ကိုလည်း စိတ်လှုပ်ရှား​စေခဲ့ပြီး သူဟာ ​ကော်ဖီကား​​ရှေ့မှာ ရုပ်ရှင်ထဲက အဝတ်အစားနဲ့​တောင် ဓါတ်ပုံရိုက်ခဲ့ပါတယ်။ အဲ့ဒီ​နောက် သူ့ရဲ့ Instagram account မှာ “​ကျေးဇူးအများကြီးတင်ပါတယ် အကိုကြီးတို့” ဆိုတဲ့ စာနဲ့တကွ ဓါတ်ပုံ​တွေကိုတင်ပြီး ​ကျေးဇူးတင်​ကြောင်း ပြသခဲ့ပါတယ်။

ဒီသတင်းဟာ ဆိုရှယ်မီဒီယာ​တွေမှာလည်း အလျင်အမြန် ပျံ့နှံ့သွားပြီး “သူတို့ ၃ ​ယောက်က ရင်းနှီးတယ်​ပေါ့။ ဘယ်လို​ကြောင့် ရင်းနှီးတာလဲ”၊ “ငါလည်း မထင်ထားမိဘူး။ သူတို့ကြားက ဆက်ဆံ​ရေးက ဘာလဲ”၊ “​မ​မျှော်လင့်ထားတဲ့ ​ပေါင်းစပ်မှုပဲ” စသဖြင့် netizen ​တွေက အံ့သြတကြီးနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

Source : Life Of KPop
Photo : Instagram
Written : ZL