Celebrity News

တည်ဆောက်ချင်မိတဲ့ စိတ်ကူးယဉ်မိသားစုဘဝလေးကို ပြောပြခဲ့ဖူးသူ Dilireba

အသက်ထက်ဆုံးအထိ လက်တွဲမဖြုတ်ဘဲ တန်ဖိုးထားတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို လူတိုင်း အလိုရှိကြပါတယ်။ အနုပညာရှင်တွေကလည်း နှလုံးသားခံစားချက်တွေရှိတဲ့ လူသားတွေပဲဖြစ်လို့ ဘဝလက်တွဲဖော်နဲ့ပတ်သက်ပြီး စိတ်ကူးထားတာလေးတွေရှိမှာပါ။

A List မင်းသမီးလေးဖြစ်သူ အသက် ၂၉ နှစ်အရွယ် Dilireba လေးကလည်း သူမရဲ့ရှေ့ဆက်မယ့် မိသားစုဘဝလေးအကြောင်း စိတ်ကူးထားသမျှကို “Send a Hundred Ladies Home” ဆိုတဲ့အစီအစဉ်လေးမှာ ပြောပြခဲ့ဖူးပါတယ်။

Dilireba က “အနာဂတ်မှာ အိမ်ထောင်ပြုပြီး သားသမီးတွေနဲ့ နေချင်ပါတယ်။ ကလေး ၃ ယောက်လောက်နဲ့ပေါ့။ တိတိကျကျပြောရရင် သားလေး (၁) ယောက်နဲ့ သမီးလေး (၂) ယောက် လိုချင်မိတယ်။ အသက် (၃၀) ကျော်မှ အိမ်ထောင်ပြုပြီး ကလေးယူဖို့တွေးမိတာကိုက တော်တော်လေး ရှေးရိုးစွဲဆန်နေပြီပေါ့နော်။

ကျွန်မက ဒီလိုစိတ်ကူးယဉ်ထားပေမဲ့ ပရိသတ်တွေက စိတ်ပျက်သွားမှာလည်း စိုးရိမ်မိပါတယ်။ ကျွန်မကလေ… ကျွန်မရဲ့ ကိုယ်ပိုင်ဘဝလေးတစ်ခုကို သိပ်လိုချင်မိတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေ စိတ်ပျက်မှာစိုးလို့ မချစ်ရဘူး…အိမ်ထောင်ပြု..ကလေးယူတာမျိုး.. မလုပ်ဘဲနေရတာမျိုးကိုတော့ ကျွန်မ မခံယူချင်ပါဘူး။ ဒါကလေ ကျွန်မလိုချင်မိတဲ့ စိတ်ကူးယဉ်ဘဝလေး‌တော့ မဟုတ်ပါဘူး” ဆိုပြီး ‌ပြောပြခဲ့ဖူးပါတယ်။

Dilireba က သန်မာကြံခိုင်ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်နေတဲ့ ထိပ်တန်းမင်းသမီးလေးဖြစ်ပေမဲ့လည်း သူမရဲ့ စိတ်ကူးယဉ်ဘဝလေးကတော့ လွန်စွာနူးညံ့နွေးထွေးလွန်းလှပါတယ်။ ပရိသတ်‌စစ်စစ်တွေကတော့ Dilireba လေးအတွက် ပျော်ရွှင်မှုသာဖြစ်မယ်ဆိုရင် စိတ်မပျက်ဘဲ ပိုလို့တောင် ဝမ်းသာ‌အားပေးနေကြဦးမှာပါ။

Source: Dramapanda
Photos: Weibo
Translated by Julix