Celebrity News

BL Adaptation ကားတွေမှာ ပရိတ်သတ်တွေမြင်တွေ့လိုတဲ့ မင်းသားချော (၅) ဦး

ချိုင်းနားမှာ BL Adaptation နဲ့ Bromance ဇာတ်လမ်းတွေကို တားမြစ်ပိတ်ပင်ခြင်းတွေစတင်နေချိန်မှာပဲ ပရိသတ်တွေကတော့ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ဖို့ဝန်မလေးခဲ့ကြပါဘူး။ BL drama/ Bromance တွေမှာ မြင်တွေ့လိုတဲ့ မင်းသားချောချောလေး (၅) ယောက်ကို ပရိသတ်တွေက ရွေးချယ်ပေးခဲ့ကြပါတယ်။

(5) Greg Hsu

ဒီနှစ်ထဲမှာ အသက် (၃၀) ပြည့်တဲ့ မင်းသားချော Greg Hsu ကတော့ ခန့်ညားတဲ့ရုပ်ရည်နဲ့ ဇာတ်လမ်းအလိုက် ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် Bromance ကားတွေမှာ ပါဝင်ရိုက်ကူးဖို့ ပရိသတ်တွေ တောင့်တနေကြပါတယ်။

(4) Austin Lin

ချောချောခန့်ခန့်မင်းသား Austin ကတော့ ပရိသတ်တွေနှလုံးသားမှာ နေရာယူထားသူပါ။ နူးညံ့သိမ်မွေ့တဲ့မျက်နှာလေးနဲ့ မလိုက်အောင် စွမ်းအင်အားမာန်တွေ ပြည့်ဝနေတာကြောင့် BL Adaptation ကားမျိုးမှာဆိုရင် တော်တော်လိုက်ဖက်မယ်လို့ ယုံကြည်နေကြပါတယ်။

(3) Wu Nien Hsuan

လက်ဆတ်နေတဲ့ပုံစံလေးနဲ့ 185 cm ရှည်တဲ့အရပ်အမြင့်ကို ပိုင်ဆိုင်ထားသူ မင်းသား Wu Nien Hsuan ကတော့ ဘော်ဒီအလန်းစားကြီးနဲ့ပဲ မိန်းကလေးတွေကို မကြာခဏကြွေ‌ဆင်းစေသူပါ။ BL လောကထဲမှာလည်း နာမည်ကြီးနေသူဖြစ်တာကြောင့် အကယ်၍များ Bromance ကားတွေရိုက်ကူးလိုက်ရင်တော့ ပွဲသိမ်းပါပဲ။

(2) Jasper Liu

“Nation First Love” လို့တောင် သုံးစွဲခေါ်ဝေါ်ခံရသူ Jasper Liu ကတော့ မူလက မော်ဒယ်တစ်ယောက်ပါ။ သရုပ်ဆောင်လောကထဲဝင်ရောက်လာပြီး အပြုံးချိုချိုလေးကြောင့်ပဲ ဂျပန်၊ကိုရီးယားမတွေ အသည်းစွဲဖြစ်ခဲ့ကြပါတယ်။ “More than Blue” ဇာတ်လမ်းထဲမှာ Jasper ကို ကြွေဖူးကြမှာပါ။

(1) Aaron Yan

Aaron ရဲ့ လှပချောမောပြီး သေးငယ်တဲ့ မျက်နှာလေးက တကယ်ကို ဆွဲဆောင်မှုရှိလွန်းပါတယ်။ ပရိသတ်များစွာလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ Bromance ဇာတ်လိုက်အဖြစ် Aaron ကို စိန်ခေါ်ကြည့်စေချင်နေကြပါတယ်။

Source: Whatstoday
Photos: Weibo
Translated by Julix