Celebrity News

ရည်းစားဟောင်းနဲ့ ပြတ်တဲ့အထိ ဖြစ်သွားခဲ့တဲ့ သူ့ရဲ့လိုအပ်ချက်အား ပြောပြခဲ့သူ Ji Chang Wook

မင်းသား Ji Chang Wook ကတော့ အတိတ်မှာ တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းရှိဖူးပါတယ်။ JTBC ရှိုးတစ်ခုဖြစ်တဲ့ ‘Knowing Brothers’ မှာတော့ Ji Chang Wook ဟာ အချစ်ရေးအကြောင်းပြောပြရင်း အတိတ်ကကိစ္စတွေကို ပြန်ပြောခဲ့ပါတယ်။

Ji Chang Wook က “အချစ်ဆိုတာဟာ ကျွန်တော့်ကို ပျော်ရွှင်စေတဲ့အရာတစ်ခုပါပဲ။ ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့တွဲတုန်းက ကြုံတွေ့ခဲ့ရတာတွေရှိပါတယ်။ အဲ့တုန်းက ကျွန်တော့်ခံစားချက်တွေအတိုင်း အပွင့်လင်းဆုံးဆက်ဆံခဲ့တယ်။ ဒါ့ကြောင့်မို့လို့ တစ်ခုခုဆိုရင် တန်းသဘောပေါက်ဖို့လည်း ခက်ခဲခဲ့တယ်။

ပြီးတော့ တစ်ယောက်ယောက်ကို အပြင်သွားဖို့လည်း ခေါ်ထုတ်ရတာမျိုးကို မလုပ်တတ်ပါဘူး။ တကယ်လို့များ အပြင်ထွက်ဖို့ခေါ်ရင် ငြင်းခံရမှာကို အမြဲတမ်းကြောက်နေမိပါတယ်။ အဲ့လိုနဲ့ပဲ ပစ်ခံလိုက်ရတာပေါ့။ အတိတ်တုန်းက ထားပစ်ခံရတဲ့အချိန်တွေရှိခဲ့ဖူးပါတယ်။

ကျွန်တော်ကတော့ တစ်ယောက်ယောက်နဲ့ Date လုပ်မိရင် တခါတလေ တအားတွယ်ကပ်နေတတ်ပြီး မျက်စိအောက်ကကို အပျောက်မခံတော့ပါဘူး။ ဒီလိုတွေကြောင့်ပဲ ပြဿနာတွေတက်ပြီး နှစ်‌ယောက်စလုံး စိတ်ပင်ပန်းရတယ်။ အဲ့လိုနဲ့ပဲ အချစ်ရေးက အဆုံးသတ်ဦးမှာပါပဲ” လို့ ပြောပြခဲ့ပါတယ်။

Ji Chang Wook ကတော့ အတိတ်က ကြုံတွေ့ခဲ့ရဖူးတဲ့ အချစ်ရေးပြဿနာတွေကြောင့် ချစ်သူထားဖို့ ကြောက်လန့်နေပုံပါပဲ။ အခုတော့ ပရိသတ်တွေကလည်း အမြဲတမ်းချစ်ပေးနေပြီး တချိန်ချိန်မှာလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြုံးပြုံးကြီးလက်ခံပေးမယ့် Right Person ကတော့ ရှိလာဦးမှာပါနော်။

Source: SBSstar
Photos: Naver
Translated by Julix