Celebrity News

Shin Min Ah ​ကြောင့် “Hometown Cha Cha Cha” ကို လက်ခံရိုက်ကူးဖြစ်ခဲ့တာပါဆိုတဲ့ Kim Seon Ho

နာမည်ကြီးသရုပ်​ဆောင်​တွေဟာ ပါဝင်ဖို့ ကမ်းလှမ်းလာတဲ့ ဇာတ်ကား​တွေများပြားလွန်းတာ​ကြောင့် ဇာတ်ညွှန်း​တွေ၊ သရုပ်​ဆောင်ရမယ့် ကာရိုက်တာ​တွေကို ​သေချာစိစစ်ပြီးမှ လက်ခံ​လေ့ရှိကြပါတယ်။

တချို့ သရုပ်​ဆောင်​တွေက ဆွဲ​ဆောင်မှုရှိပြီး ​စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ညွှန်း​ကြောင့်၊ တချို့က​တော့ ဇာတ်​ကောင်အသစ်ကို စိန်​ခေါ်​ကြည့်ချင်တာ​ကြောင့်စတဲ့ အ​ကြောင်းအရင်းအမျိုးမျိုးနဲ့ ဇာတ်ကားကို လက်ခံရိုက်ကူး​လေ့ရှိပါတယ်။

လက်ရှိမှာ “Hometown Cha Cha Cha”ဇာတ်လမ်းတွဲနဲ့ K-drama ပရိသတ်​တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ မင်းသား Kim Seon Ho နဲ့ မင်းသမီး Shin Min Ah တို့ကလည်း ဒီဇာတ်လမ်းတွဲကို လက်ခံဖြစ်ခဲ့တဲ့ အ​ကြောင်းအရင်းကို မကြာ​သေးခင်က Netflix Korea နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ​ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

မင်းသမီး Shin Min Ah က​တော့ သူမအ​နေနဲ့ ၂၀၁၀ ခုနှစ်မှာ မင်းသား Lee Seung Gi နဲ့ ရိုက်ကူးခဲ့တဲ့ “My Girlfriend Is A Gumiho” လိုမျိုး အချစ်ဟာသဇာတ်လမ်းတွဲကို ထပ်မံရိုက်ကူးချင်တာ​ကြောင့်ရယ် “Hometown Cha-Cha-Cha” ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီး ရယ်​မောခဲ့ရလို့ ဒီဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးဖြစ်ခဲ့တယ်လို့ ​ပြောပြခဲ့ပါတယ်။

တစ်ဖက်မှာ​ မင်းသား Kim Seon Ho ကလည်း အ​​ကြောင်းအရင်း ၂ ခု​ကြောင့် ဒီဇာတ်လမ်းကို ​ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအချက်က​တော့ ဇာတ်ညွှန်းက လက်​တွေ့ကျပြီး ​ဇာတ်အိမ်ကလည်း သက်​တောင့်သက်သာဖြစ်တာ​ကြောင့်လို့ ဆိုပါတယ်။

ဒါ​ပေမဲ့ ဇာတ်လမ်းကို ​ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိကအ​ကြောင်းအရင်းက​တော့ မင်းသမီး Shin Min Ah နဲ့ အလုပ်အတူတွဲလုပ်ချင်လို့ဖြစ်ပါတယ်။ မင်းသမီး Shin Min Ah က ဒီဇာတ်လမ်းတွဲရဲ့ ​ခေါင်း​ဆောင်မင်းသမီး​နေရာကို လက်ခံလိုက်​ကြောင်း သိလိုက်ရတဲ့အချိန်မှာ သူ့အတွက် ဆုံးဖြတ်ချက်ချဖို့ လွယ်ကူခဲ့ပြီး ဒီဇာတ်လမ်းကို ငြင်းစရာအ​ကြောင်းမရှိ​တော့ဘူးလို့ ခံစားခဲ့ရ​ကြောင်း ရှင်းပြခဲ့ပါတယ်။

Kim Seon Ho ရဲ့အ​ဖြေကို ကြားပြီး​နောက်မှာ​တော့ Shin Min Ah က ရင်ထဲထိသွားပုံ​ပေါ်ပြီး ​တောက်ပစွာ ပြုံးကာ လက်ခုပ်တီး​နေခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ဇာတ်လမ်းတွဲထဲမှာလည်း အချိတ်အဆက်မိမိ သရုပ်​ဆောင်နိုင်သလို လက်​တွေ့မှာလည်း chemistry ​ကောင်းတာ​ကြောင့် ‘SikHye’ စုံတွဲ ‘Dimples’ စုံတွဲ စသဖြင့် ချစ်စနိုး​ခေါ်တဲ့ နာမည်​တွေ​တောင်ရရှိကာ ပရိသတ်​တွေရဲ့ အချစ်ကိုရရှိ​နေတာဖြစ်ပါတယ်။ အဲ့ဒီအင်တာဗျူးထဲမှာ Kim Seon Ho နဲ့ Shin Min Ah တို့ဟာ ၂၀၂၁ ခုနှစ်အတွက် ‘Best Couple Award’ ကို သူတို့ရရှိမယ်လို့ ယုံကြည်ချက်ရှိ​ကြောင်းလည်း ​ပြောကြားခဲ့ပါတယ်။

Source : Koreaboo
Photo : tvN drama
Written : ZL