Celebrity News

‘Goblin’ ဇာတ်လမ်းရိုက်ကူးရင်း သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ဖို့ စဉ်းစားမိခဲ့တဲ့ Kim GoEun

မင်းသမီး Kim Go-eun ဟာ ‘Guardian: The Lonely and Great God’ (ခေါ်) ‘Goblin’ ဇာတ်လမ်းကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ September 15 ရက်နေ့ကပြသခဲ့တဲ့ tvN ရဲ့ အစီအစဉ်ဖြစ်တဲ့ ‘You Quiz on the Block’ မှာ Kim Go-eun က ဧည့်သည်အဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၆ က ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ ‘Goblin’ အကြောင်းကို ပြောပြခဲ့ပါတယ်။

Kim Go-eun က “‘Guardian: The Lonely and Great God’ ဇာတ်လမ်းကို အပြီးသတ်ရိုက်ကူးပြီးတဲ့နောက် ရုတ်တရက်ကြီး သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ ဒီအတိုင်းကြီးကို ခံစားမိလာရတာပါ။ ကျွန်မထင်တာကတော့ အချိန်အကြာကြီး ကိုယ့်ကိုကိုယ် တအားတင်းကြပ်မိလွန်းလို့ ထင်ပါတယ်။

‘Eungyo’ နဲ့ ပွဲဦးထွက်ချိန်ကစလို့ ကျွန်မ ကိုယ့်ကိုကိုယ် ဆက်တိုက်ပြောလာခဲ့မိတဲ့ စကားရှိတယ်။ ‘နင်က တော်လွန်းလို့ အားလုံးကချစ်ကြတာမဟုတ်ဘူး။ ဒီအတိုင်း ကံကောင်းလို့အချစ်ခံရတာ’.. အဲ့လိုမျိုးပေါ့။

ကိုယ့်ဘာသာလည်း စိတ်သက်သာမှုရအောင်မနေတော့ တချိန်တည်းမှာ စုဖြစ်သွားတာပဲ။ ဒါ့ကြောင့်မို့လို့ သရုပ်ဆောင်အလုပ်ကနေ နားလိုက်ဖို့ တွေးမိသွားတာဖြစ်ပါလိမ့်မယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး Kim Go-eun က အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပုံအား ပြောပြခဲ့ပါတယ်။ “အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာလည်း ကြာပြီဆိုတော့ ကျွန်မအနေနဲ့ ကြုံတွေ့ခံစားရတဲ့ အခက်အခဲဖိအားလေးတွေရှိတယ်။

အခုတော့ ခက်ခဲတဲ့အချိန်တွေကို ကျော်လွှားနိုင်ခဲ့ပါပြီ။ သရုပ်ဆောင်ပိုင်းမှာတော့ ပိုမိုကောင်းမွန်အောင်လုပ်ပြချင်စိတ်နဲ့ပဲ ကိုယ့်ကိုကိုယ် အကောင်းမြင်တဲ့ သံသယလေးတွေတော့ ထားရှိပါသေးတယ်။ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ရတာက သိပ်ကို ကောင်းတယ်လို့ထင်မိတယ်။

ရုပ်ရှင်တစ်ခုစတင်ပြီဆိုတာနဲ့ ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုကို ခံစားရတယ်။ ‘ဒါက ငါ့ဘဝ အသက်ရှင်နေထိုင်ဖို့ လုပ်ဆောင်နေရတဲ့အရာလား? လို့ တွေးမိတိုင်း ကျေနပ်ပီတိဖြစ်လာရပါတယ်။

အလုပ်နဲ့ပတ်သက်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူရင်း ‌ပျော်ရွှင်ကျေနပ်မိနေပါပြီ” လို့ ပြောပြခဲ့ပါတယ်။ မင်းသမီးဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်ခံရတာမျိုး၊ ရုပ်ရည်ပိုင်းကို ဝေဖန်ခံရတာမျိုးတွေ များစွာရရှိခဲ့ဖူးတဲ့ Kim GoEun ကိုတော့ ချစ်တဲ့ပရိသတ်ကြီးတွေကလည်း များစွာရှိနေပါသေးတယ်။

Source: SBSSTAR
Photos: VLive
Translated by Julix