Celebrity News

ခေတ်မီပြီးစတိုင်ကျတဲ့ အလန်းစား airport fashion ​တွေနဲ့ ပရိသတ်​တွေကို ​ခြွေချခဲ့ပြန်တဲ့ Jisoo နဲ့ Rosé

လက်ရှိ ကမ္ဘာ​ပေါ်မှာ အင်အားအကြီးဆုံး မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Jisoo နဲ့ Rosé တို့ဟာ စက်တင်ဘာလ ၂၈ ရက်​နေ့က​နေ ​အောက်တိုဘာလ ၅ ရက်​နေ့အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်မယ့် ‘Paris Fashion Week’ ကိုတက်​ရောက်ဖို့အတွက် ဆိုးလ်က​နေ ပဲရစ်ကို ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင် အားလုံးဟာ ဖက်ရှင်​လောကကို ကိုယ်စားပြု လွှမ်းမိုးထားတဲ့ ပြင်သစ် luxury fashion brand ​တွေရဲ့ ကိုယ်စားလှယ်အ​နေနဲ့ ခန့်အပ်ခဲ့ထားရတာလည်း ဖြစ်ပါတယ်။ Jisoo က ‘Dior’ ရဲ့ ကိုယ်စားလှယ်၊ Lisa က ‘Celine’ ရဲ့ ကိုယ်စားလှယ်၊ Rosé က ‘Yves Saint Laurent’ ရဲ့ ကိုယ်စားလှယ်၊Jennie က ‘Chanel’ ရဲ့ ကိုယ်စားလှယ်စသဖြင့် အသီးသီး တာဝန်ယူထားတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်​နေ့မှာ​​တော့ Jisoo နဲ့ Rosé တို့ဟာ ပဲရစ်မြို့ကို သွား​ရောက်ဖို့အတွက် အင်ချွန်းအပြည်ပြည်ဆိုင်ရာ​လေဆိပ်ကို ​ရောက်ရှိလာခဲ့ပြီး ​လေဆိပ်မှာ သတင်း​ထောက်​တွေ၊ ပရိသတ်​တွေနဲ့ ပြည့်နှက်​နေခဲ့ပါတယ်။

အထူးသဖြင့် Rosé နဲ့ Jisoo တို့ရဲ့ အလန်းစား airport fashion ​တွေဟာ ပရိသတ်​တွေကို ရူးခါမတတ်ဖြစ်​စေခဲ့ပါတယ်။ Rosé က ‘Yves Saint Laurent’ ရဲ့ pre-fall collection ကို ဝတ်ဆင်ထားခဲ့ပြီး Jisoo က​တော့ ‘Dior’ က leather jacket ရယ် ဂျင်း​ဘောင်းဘီရယ်ကို ဝတ်ဆင်ခဲ့တာပါ။

သူတို့ ၂ ဦးလုံးရဲ့ ဖက်ရှင်ဟာ ရိုးရှင်း​ပေမဲ့ အမြင်ဆန်းပြီး တစ်မျိုးစီ စတိုင်ကျ​လှပ​နေခဲ့ပါတယ်။ ဒါ့အပြင် mask တပ်ထား​ပေမဲ့လည်း သူတို့ရဲ့ ကျက်သ​ရေရှိပြီး ​ချော​မောလှပတဲ့ ရုပ်ရည်ကတော့ အရင်အတိုင်း ထင်ရှား​​တောက်ပနေဆဲပါပဲ။

ဒီလိုမျိုး Jisoo နဲ့ Rosé တို့ကို ​လေဆိပ်မှာ မြင်​တွေ့ရပြီး​နောက်မှာ​​တော့ netizen ​တွေဟာ သူတို့ရဲ့ ရုပ်ရည်နဲ့ ဖက်ရှင်ကို ချီးမွမ်း​ပြောဆိုခဲ့ကြပြီး နိုင်ငံ​တော်​တော်များများရဲ့ social media ​တွေမှာလည်း သူတို့ရဲ့ နာမည်​တွေက trend ဖြစ်ခဲ့ပါတယ်။

ယခုအချိန်မှာ​တော့ BLACKPINK အဖွဲ့ဝင်​တွေဟာ ပဲရစ်မြို့ကို အန္တရာယ်ကင်းကင်းနဲ့ ​ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ​ပဲရစ်​လေဆိပ်မှာလည်း ပရိသတ်​တွေက အဖွဲ့ဝင်​တွေကို သွား​ရောက်ကြိုဆိုခဲ့ကြပြီး လက်​ဆောင်​တွေ​လည်း ​ပေးခဲ့ကြပါတယ်။

‘Paris Fashion Week’ အတွင်း ‘Dior Collection’ show နဲ့ ‘Yves Saint Laurent Collection’ show ကို စက်တင်ဘာလ ၂၈ ရက်​နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ‘Chanel Collection’ show ကို​တော့ ​အောက်တိုဘာလ ၅ ရက်​နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL