Celebrity News

အရမ်းကြိုးစားလို့ ကမ္ဘာကျော်အဖွဲ့ဖြစ်လာတဲ့ BLACKPINK ကို သဘောကျနေတဲ့“Squid Game”ကားထဲက Lee Jung Jae

Netflix က စီစဉ်ရိုက်ကူးတဲ့ Korea Series “Squid Game” ဟာ ထွက်ထွက်ချင်း အရမ်းရေပန်းစားခဲ့ပြီး ကြည့်ရှုနှုန်းတွေအများကြီးရခဲ့ပါတယ်။ Top 1 series အဖြစ်လည်း စံချိန်ချိုးလိုက်နိုင်ပါပြီ။

ထိုကားထဲက main character တွေဖြစ်တဲ့ မင်းသားကြီး Lee Jung Jae, မင်းသမီး Ho Yeon , ဗီလိန်မင်းသား Park Hae Soo တို့ဟာ ဇာတ်ကား promote လုပ်ဖို့အတွက် အတူတူအမေးအဖြေတွေမေး game တွေဆော့ရတဲ့ variety show program တစ်ခုရိုက်ခဲ့ပါတယ်။

ထို game တွေထဲမှာ အကြိုက်ဆုံး show တခုကို ရွေးချယ်ရတဲ့အပိုင်းမှာ မင်းသား Lee Jung Jae က သူ့အကြိုက်ဆုံး documentary က “BLACKPINK: Light Up The Sky” ပါလို့ဖြေခဲ့ပါတယ်။ သူ့အဖြေနဲ့ ပက်သက်ပြီး ခုလိုတွေရှင်းပြခဲ့ပါတယ်။ “အစက ကျွန်တော်ကိုယ့်ကျွန်တော် BLACKPINK ရဲ့ fan တစ်ယောက်လို့ မခံယူထားပါဖူး။ ဒါပေမဲ့ Ho Yeon နဲ့ Jennie တို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလေ။

Jennie က ကျွန်တော်တို့ရိုက်ကွင်းကို coffee truck ပို့ပေးခဲ့ပြီး သူ ကိုယ်တိုင်လည်း လာလည်တယ်။ ကျွန်တော် သူမကို စ..စ တွေ့တုန်းကဆို ”Wow!! ဒါ BLACKPINK အဖွဲ့ထဲက Jennie ဘဲ မိုက်လိုက်တာ!” ဆိုပြီး ဖြစ်သွားတယ်” အာ့နောက်ပိုင်း ခု “BLACKPINK: Light Up The Sky” ရဲ့ trailer ကြည့်ရုံနဲ့တင် ကျွန်တော်စဉ်းစားမိတာက”Wow… ဒါ BLACKPINK ဆိုတဲ့အဖွဲ့ ကမ္ဘာကျော် Girl Group ဖြစ်လာပုံ အဆင့်ဆင့်တွေပေါ့.. သူတို့အကုန်လုံးအရမ်းကြိုးစားလို့သာ ဒီနေရာထိရောက်လာတာဘဲ ..အာ့လိုနဲ့ ကျွန်တော် သူတို့ရဲ့ fan ဖြစ်လာတော့တာဘဲ”

မင်းသား Park Have Soo က လည်း ခုလို ဝင်ပြောခဲ့ပါတယ်။ “သူ ညွှန်းလို့ ကျွန်တော်လည်း အာ့တာ့ကို ကြည့်ပြီးသွားပြီ” “ပိုစိတ်ဝင်စားစရာကောင်းတာက ရှိသေးတယ်။ Jennie ရဲ့ အမေက သူ့ရဲ့ fan အကြီးစားလေ။ Lee Jung Jae ပါတဲ့ “Sandglass” Drama ကားထဲက character နာမည် “Jae Hee” ဆိုပြီး သူမမွေးလာတဲ့ကလေးကို နာမည်ပေးဖို့ စဉ်းစားခဲ့တာ။

သားလေးမဟုတ်ဘဲ သမီးလေးမွေးလာလို့ “Jae hee” နဲ့နာမည်ဆင်တဲ့ “Jennie” ဆိုပြီး နာမည်ပေးလိုက်တာ” အမေကြိုက်တဲ့ မင်းသားက ခု သမီးလုပ်တဲ့သူရဲ့ fan ဖြစ်လာပြီဆိုတော့ Jennie အမေတော့ ပျော်နေမှာသေချာပါတယ်။

Source: Koreaboo
Written: Violet