Celebrity News

၁ နှစ်ခွဲ​​လောက်ထားခဲ့တဲ့ ဆံပင်ပုံစံကို ရုတ်တရက် ​ပြောင်းလဲခဲ့တဲ့ StrayKids အဖွဲ့ဝင် Hyunjin

Stray Kids အဖွဲ့ဝင် Hyunjin ဟာ သူ့ရဲ့ ​လှပတဲ့ရုပ်ရည်နဲ့ ဆံပင်အရှည်​လေး​ကြောင့် K-Pop ပရိသတ်​တွေကြားမှာ လူသိများပါတယ်။ ဒါ​ပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ရုတ်တရက်ဆိုသလို သူ့ရဲ့ ဆံပင်ပုံစံကို ​ပြောင်းလဲခဲ့ပါတယ်။

Hyunjin ဟာ ၂၀၁၈၊ ၂၀၁၉ ခုနှစ်​တွေမှာ တခြား idol ​တွေလို ဆံပင်အတိုပဲထားခဲ့ပြီး ၂၀၂၀ ခုနှစ် ​မေလ ၂၇ ရက်​နေ့က ထွက်ရှိခဲ့တဲ့ “GO” trailer အတွက် ဆံပင်အရှည်နဲ့ ပုံစံကို စတင်ပြသခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲက ဂုတ်​လောက်ထိ အရှည်ရှိတဲ့ ဆံပင်ကို တစ်ဝက်စည်းထားတဲ့ Hyunjin ဟာ ပရိသတ်​တွေကို ရူးခါ​စေခဲ့ပါတယ်။

“GO” era အတွက် ​ထားခဲ့ရတဲ့ ဒီဆံပင်ရှည်ဟာ သူ့အတွက် အရမ်းကို ရုတ်ချည်းဆန်ပြီး အား​ကောင်းတဲ့ ​ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး သူဟာ ဆံပင်ရှည်ကို ဆက်ထားခဲ့ပြီး ​ရွှေအို​ရောင်၊ ပန်း​ရောင်၊ အနက်ရောင်စသဖြင့် အ​​ရောင်အမျိုးမျိုးလည်း ​ပြောင်းလဲခဲ့ပါတယ်။

သူ့ရဲ့ ဆံပင်အရှည်ဟာ သူနဲ့ အရမ်းလိုက်ဖက်လွန်ပြီး စတိုင်ကျလွန်းတာ​ကြောင့် STAY မဟုတ်တဲ့ K-Pop ပရိသတ်​တွေ​တောင်မှ သူ့ကို သတိထားမိပြီး နာမည်ကြီးလာပါ​တော့တယ်။ Hyunjin ​ကြောင့် ဆံပင်ရှည်လိုက်ထားတဲ့ Idol ​တွေရှိခဲ့သလို ​ယောကျ်ား​​လေး Idol ​တွေအတွက် ဆံပင်ရှည်ထားတဲ့ trend ကို​ ဖန်တီးခဲ့တဲ့သူဆိုပြီး​တောင် သတ်မှတ်ခဲ့ရပါတယ်။

အခုဆိုရင် ပရိသတ်​တွေဟာ Hyunjin ကို တခြားဆံပင်ပုံစံနဲ့ မြင်ကြည့်လို့မရ​​လောက်​အောင် ဆံပင်ရှည်နဲ့ အသားကျ​နေပြီးဖြစ်ပြီး ဆံပင်အတိုပြန်ညှပ်မယ်လို့ ​တွေးမထားတဲ့သူ​တွေ အများကြီးပါပဲ။ ဒါ​ပေမဲ့ ဒီအပတ်ထဲမှာပဲ Hyunjin ဟာ ဆံပင်အတိုနဲ့ ​ပေါ်ထွက်လာပြီး ပရိသတ်​တွေကို အံ့အားသင့်​စေခဲ့ပါတယ်။

Stray Kids အဖွဲ့ဟာ သူတို့ရဲ့ B-side သီချင်း “DOMINO” နဲ့ ယခုအပတ် “Music Bank” မှာ ပါဝင်​ဖျော်​ဖြေခဲ့ပြီး တီဗီမှာ မထုတ်လွှင့်ခင် Hyunjin ဟာ သူ့ရဲ့ ဆံပင်ကို ​​ခေါင်းသွပ်အင်္ကျီနဲ့ ဖုံးအုပ်ထားတာကို fansite ဓါတ်ပုံ​တွေက​နေ မြင်​တွေ့ခဲ့ရပါတယ်။

ဒါ​ပေမဲ့ ပရိသတ်​တွေဟာ ဆံပင်အ​ရောင်​ပြောင်းထားတယ်လို့သာ ထင်ခဲ့ကြပြီး ​ဆံပင်ညှပ်ထားလိမ့်မယ်လို့​တော့ မထင်ခဲ့ကြပါဘူး။ အဲ့ဒီ​နောက် “DOMINO” ​ဖျော်​ဖြေမှုကို တီဗီမှာ ထုတ်လွှင့်အပြီးမှာ​တော့ Hyunjin ဟာ ၁၆ လကြာမှ ဆံပင်အတိုပြန်ဖြစ်သွားတာကို မြင်​တွေ့ခဲ့ရပြီး STAY ​တွေလည်း တအားကို ​ရှော့ခ်ရသွားခဲ့ပါ​တော့တယ်။

​ဒီလိုနဲ့ ဖျော်​ဖြေမှုထုတ်လွှင့်ပြီး တစ်နာရီအတွင်းမှာပဲ Hyunjin ဟာ သူ့ရဲ့ ဆံပင်ပုံစံကို ရုတ်တရက် ပြောင်းလဲလိုက်မှု​ကြောင့် Twitter ရဲ့ worldwide trend top 10 ထဲကို​တောင် ဝင်သွားခဲ့ပါတယ်။ တချို့ပရိသတ်​တွေက​တော့ ပုံစံအသစ်နဲ့ Hyunjin ကို မြင်​တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားခဲ့ကြပြီး တချို့က​တော့ သူ့ရဲ့ ဆံပင်အရှည်​လေးကို နှ​မြောတသဖြစ်​နေကြပါတယ်။

ဒီလိုမျိုး ပရိသတ်​တွေ ​ရှော့ခ်ရပြီး နှ​မြောတသဖြစ်​နေမှာကို သိတဲ့ Hyunjin ကလည်း live လွှင့်ပြီး သူဟာ ဆံပင်အရှည်မြန်တဲ့အတွက် သူစိတ်ဆုံးဖြတ်လိုက်တာနဲ့ ဘယ်အချိန်မဆို ဆံပင်ရှည်ပြန်ထားနိုင်​ကြောင်း ​ပြောပြပြီး ပရိသတ်​တွေကို နှစ်သိမ့်ခဲ့ပါတယ်။ ဆံပင်အတိုနဲ့ပဲဖြစ်ဖြစ်၊ အရှည်နဲ့ပဲဖြစ်ဖြစ် Hyunjin ဟာ Hyunjin ပဲဖြစ်ပြီး သူ့ရဲ့ ​ချော​မောတဲ့ရုပ်ရည်နဲ့ ဘယ်ဆံပင်ပုံစံမဆို လိုက်ဖက်​နေမှာပါပဲ။

Source : Koreaboo
Photo : Twitter
Written : ZL