Celebrity News

ချိုင်းနားကိုယ်စားပြု အထူးသံတမန်တွေအဖြစ် တွဲဖက်ခန့်အပ်ခံလိုက်ရတဲ့ Yang Zi နဲ့ Wang Yibo

ထိပ်တန်းနာမည်ကြီးအနုပညာရှင်တွေဟာ နာမည်ကြီးကျော်ကြားမှုနဲ့တကွ ပရိသတ်တွေအား လွှမ်းမိုးနိုင်မှုကြောင့် ပြည်တွင်းပြည်ပဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထူးသံတမန်၊ ကိုယ်စားပြု စသဖြင့်ခန့်အပ်ခံရလေ့ရှိပါတယ်။

နိုင်ငံအနှံ့မှာ ဝင်ဆန့်နိုင်မှုစွမ်းအား မြင့်တက်လာတာနဲ့အမျှ နိုင်ငံကိုယ်စားပြုအနေနဲ့ အနုပညာရှင်တွေရဲ့အခန်းကဏ္ဍက ပိုမိုးကြီးမားလာပါတယ်။ ချိုင်းနားနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာအရေးကြီးတဲ့ဌာနတစ်ခုဟာ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ Yang Zi နဲ့ Wang Yibo ကို အထူးသံတမန်တွေအဖြစ် ခန့်အပ်လိုက်ပါတယ်။

၂၀၂၁ စက်တင်ဘာလ (၂၆) ရက်နေ့မှာပဲ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ Yang Zi နဲ့ Wang Yibo ဟာ ချိုင်းနားနိုင်ငံ သားရဲတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ကာကွယ်ကယ်ဆယ်ရေး အဖွဲ့အစည်းရဲ့ ကိုယ်စားပြု သံတမန်တွေအဖြစ် ခန့်အပ်လိုက်ကြောင်း အသိအမှတ်ပြု ကြေညာခံလိုက်ရပါပြီ။

ချိုင်းနားရဲ့ အထင်ကရနေရာကြီးတွေမှာ Wang Yibo နဲ့ Yang Zi တို့ရဲ့ ဗီဒီယိုတွေကို အကြီးအကျယ်ပြသထားပြီး ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ်တွေအတွက် လူအများအာရုံစိုက်မှုကို စတင်ရယူနေပါတယ်။

သက်ရှိလောကကြီးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောက်ရွက်နိုင်ဖို့ Yang Zi နဲ့ Wang Yibo က အတူလက်တွဲလုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းကိုယ်စားပြု သံတမန်တွေဖြစ်လာပြီမို့လို့ လူထုတစ်ရပ်လုံးကို လမ်းပြနိုင်ဖို့ လုပ်ဆောင်ရတော့မှာပါ။

အနုပညာအလုပ်တွေနဲ့ မအားလပ်အောင်ဖြစ်နေပေမဲ့ နိုင်ငံအတွက် ကျရာကဏ္ဍမှာ ပါဝင်ထမ်းဆောင်တော့မယ့် Yang Zi နဲ့ Wang Yibo ကို ရှေ့ဆက်ပြီး လုပ်ငန်းဆောင်တာတွေမှာလည်း အတူမြင်တွေ့နိုင်ဖွယ်ရှိပါတယ်။ အောင်မြင်ကျော်ကြားလွှမ်းမိုးမှုကို အသုံးချပြီး ပြည်တွင်းပြည်ပ ကာကွယ်စောင့်ရှောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းကြတော့မယ့် အနုပညာနှစ်ယောက်အတွက် ဂုဏ်ပြုလိုက်ရပါတယ်။

Source: Whatstoday
Photos: Weibo
Translated by Julix