Celebrity News

သမီးလေးပုံစံလုပ်ပြရင်း တသားမွေး တသွေးလှနေတဲ့ မေမေ Mew Nittha

မင်းသမီးချော Mew Nittha ကတော့ သမီးလေး Nong ကို မွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မိခင်အသစ်စက်စက်လေးပါပဲ။ Nong ကို September 12 ရက်နေ့မှာ သဘာဝအတိုင်းမွေးဖွားခဲ့ပြီး လက်ရှိမှာတော့ တမိသားစုလုံး ပျော်ရွှင်စွာနေကြပါတယ်။

ဖခင်တစ်ဦးဖြစ်လာတဲ့ Hi-So Saint ကလည်း မိန်းမချောလေးအတွက်ကော၊ သမီးလေးအတွက်ပါ လိုလေသေးမရှိအောင် ဖြည့်ဆည်းရင်း ဖခင်တစ်ဦးအဖြစ် အကျေနပ်ကြီးကျေနပ်နေပါတော့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ Mew Nittha ဟာ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ပုံစံအတိုင်း ဓာတ်ပုံရိုက်ကာ ပုံတင်ခဲ့ပါတယ်။

“သမီးလေးအိပ်နေတုန်း ဓာတ်ပုံရိုက်ရင်း အကလည်းသင်ရင်း” ဆိုတဲ့ Caption လေးနဲ့ တင်ခဲ့‌တဲ့ပုံလေးတွေဟာ ကလေးမွေးပြီးတာမကြာသေးတဲ့ Mew ရဲ့အလှကို ဖော်ဆောင်နေသလိုပါပဲ။ အဖြူရောင်အင်္ကျီလေးနဲ့ ဗိုက်ဖော်ထားတဲ့ Mew ဟာ ဘာမှ လိမ်းခြယ်ထားခြင်းမရှိဘဲ သဘာဝအလှအတိုင်းကို တသားမွေး တသွေးလှနေတော့တာပါပဲ။

ပရိသတ်တွေက ပြောင်းလဲခြင်းမရှိဘဲ ပိုမိုတောက်ပပြီးလှပလာတဲ့ Mew ရဲ့ပုံစံလေးကို နှစ်သက်ကြောင်းတွေ ရေးသားခဲ့ကြပါတယ်။ ပြည့်စုံတဲ့မိသားစုဘဝလေးကိုပါ ပိုင်ဆိုင်လိုက်ရပြီဖြစ်ပြီး ယောက်ျားကလည်း လိုလေသေးမရှိအောင်ဖြည့်ဆည်းပြီး အချစ်ခံနေရတဲ့ Mew ကတော့ ဘာတွေများ ထပ်ပြီးလိုအပ်ပါဦးမလဲနော်။

Source: Thaidaily
Photos: Instagram
Translated by Julix