Celebrity News

Jennie နဲ့ သူမကြားက friendship ကို ထုတ်​ဖော်ပြသလိုက်တဲ့ ‘Squid Game’ မင်းသမီး Jung Ho Yeon

လတ်တ​လော ရုပ်ရှင်ချစ်သူ​တွေကြားမှာ ​ရေပန်းစား​နေတဲ့ ‘Squid Game’ ဇာတ်လမ်းတွဲထဲမှာ Kang Sae Byeok အဖြစ် ပါဝင်သရုပ်​ဆောင်ပြီး ပရိသတ်​တွေရဲ့ အချစ်ကိုရရှိ​လာတဲ့ ​မော်ဒယ်/မင်းသမီး Jung Ho Yeon ဟာ စက်တင်ဘာလ ၂၇ ရက်​နေ့မှာ သူမရဲ့ သူငယ်ချင်းဖြစ်သူ BLACKPINK အဖွဲ့ဝင် Jennie နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို Instagram ​account မှာမျှ​ဝေခဲ့ပါတယ်။

ဓါတ်ပုံထဲမှာဆိုရင် Jung Ho Yeon ဟာ ‘Squid Game’ ပြိုင်ပွဲဝင်​တွေရဲ့ အစိမ်း​ရောင်ယူနီ​ဖောင်းကို ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ဇာတ်လမ်းရိုက်ကူး​ရေးအတွက် ပြင်ဆင်ထားတဲ့ ဒဏ်ရာအတု​တွေကို ​တွေ့ရမှာပါ။

Jennie က​တော့ အနက်​​​ရောင် hoodie အင်္ကျီကို ဝတ်ဆင်ထားပြီး သူတို့ဟာ ဇာတ်လမ်းထဲက ပြိုင်ပွဲဝင်​တွေ အိပ်စက်ရတဲ့ ကုတင်​ပေါ်မှာ ​ဘေးချင်းကပ်ထိုင်ရင်း ကင်မရာ​ရှေ့မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ ပို့စ်​အတူတူပေးပြီး ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။

Jennie နဲ့ Ho Yeon တို့ဟာ Ho Yeon သရုပ်​ဆောင်မဖြစ်ခင် ​မော်ဒယ်ဘဝတည်းက ရင်းနှီးတဲ့သူငယ်ချင်း​တွေဖြစ်ကြပြီး သူတို့ရဲ့ Instagram account ​တွေမှာလည်း အတူတူရိုက်ကူးထားတဲ့ ဓါတ်ပုံ​တွေကို မျှ​ဝေခဲ့ဖူးပါတယ်။ ဒီဓါတ်ပုံဟာဆိုရင် Jennie တစ်​ယောက် သူမရဲ့ သူငယ်ချင်းကို အား​ပေးဖို့ ‘Squid Game’ ရိုက်ကွင်းကို သွား​ရောက်ခဲ့စဉ်က ရိုက်ကူးထားတာဖြစ်ပါတယ်။

Jennie ဟာ Ho Yeon အတွက် ရိုက်ကွင်းကို ​ကော်ဖီကားလည်း ပို့​ပေးခဲ့ပြီး အဲ့ဒီအတွက်​ကြောင့်ပဲ ‘Squid Game’ ဇာတ်လမ်းအပိုင်းတစ်ပိုင်းပြီးတိုင်း စာတန်းတက်လာတဲ့ ‘​ကျေးဇူးတင်လွှာ’ ထဲမှာ Jennie ရဲ့ နာမည်ပါဝင်​နေတာကိုလည်း ​တွေ့ရမှာဖြစ်ပါတယ်။

ဒါတင်မက​သေးပဲ Jennie ဟာ Netflix Korea ဆီက ‘Squid Game’ နဲ့ ပတ်သက်တဲ့ official goods ​တွေကိုလည်း လက်​ဆောင်အ​နေနဲ့ ရရှိခဲ့ပါတယ်။ Ho Yeon တင်ထားတဲ့ post ​အောက်မှာလည်း Netflix Korea က “ဒီ​ပေါင်းစပ်မှုကို သ​ဘောတူပါတယ်။ အရမ်းကို ​ထောက်ခံပါတယ်” လို့ မှတ်ချက်​ရေးသားခဲ့ပါတယ်။

ဒါ​ကြောင့် ပရိသတ်​တွေဟာ ‘Squid Game’ ကို Season 2 ရိုက်ကူးဖြစ်ခဲ့မယ်ဆိုရင် Jennie တစ်​ယောက် အထူးဧည့်သည်သရုပ်​ဆောင်အ​နေနဲ့ ဇာတ်လမ်းထဲမှာ ပါဝင်လာနိုင်​ခြေရှိတယ်လို့လည်း ထင်​​ကြေး​ပေး​နေကြပါတယ်။

Source : Kpopstarz
Photo : Pinterest, Instagram
Written : ZL