Celebrity News

လူ့လောကထဲကို ရောက်လာပြီဖြစ်တဲ့ iKON အဖွဲ့ဝင် Bobby ရဲ့ ပထမဦးဆုံး ရင်သွေးလေး

SPOTV သတင်းဌာနရဲ့ အဆိုအရ Bobby ရဲ့ ဇနီးလောင်းလေးက ဒီနေ့မှာဘဲ သူတို့ရဲ့ ပထမဆုံးကလေးလေးဖွားမြင်လိုက်ပြီလို့ ဆိုပါတယ်။ သတင်းတွေအရ Bobby က သူ့ကလေးလေးကြောင့် အရမ်းပျော်ရွှင်နေပါတယ်တဲ့။ သားသားလေးလား မီးမီးလေးလားဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဖူး။

Bobby ဟာ August လတုန်းက သူမင်္ဂလာဆောင်ပြီး ကလေးယူတော့မယ်လို့ ပရိသတ်တွေကို surprise announcement လုပ်ခဲ့ပါတယ်။ တကမ္ဘာလုံးက iKONIC တွေကလည်း Bobby ရဲ့ မင်္ဂလာသတင်းအတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီး ကောင်းချီးပေးခဲ့ကြပါတယ်။

ခုလို ကလေးလေးပါမွေးလာပြီဆိုတော့ ပရိသတ်တွေက ဂုဏ်ပြုပေးနေကြပြီး ကလေးလေးနဲ့ SNS တွေမှာ ပေါ်လာပေးပါအုံးလို့လည်း တောင်းဆိုနေကြပါတယ်။ YG Entertainment ဘက်ကလည်း Bobby ရဲ့ ကလေးလေးမွေးသွားပြီဆိုတဲ့ အကြောင်းကို confirm ပေးထားပါတယ်။

Source : Allkpop
Written : Violet