Celebrity News

ဂျပန်နိုင်ငံမှာ “million seller” ဂုဏ်ပုဒ်ကို ရရှိခဲ့တဲ့ ပထမဦးဆုံး​သော K-Pop အဖွဲ့ BTS

BTS အဖွဲ့ဟာ စက်တင်ဘာလ ၂၇ ရက်​နေ့မှာ “BTS, THE BEST” album နဲ့ စံချိန်သစ်တစ်ခုကို ထပ်မံ​ရေးထိုးလိုက်နိုင်ပြီဖြစ်ပါတယ်။ အဲ့ဒါက​တော့ “BTS, The Best” album ဟာ အချပ်​ရေ​ပေါင်း ၁ သန်း​ကျော်​ရောင်းချခဲ့ရပြီး ဂျပန်နိုင်ငံမှာ million seller ဖြစ်လာတာပါပဲ။ ထို album ကို ယခုနှစ် ဇွန်လ ၁၆ ရက်​နေ့က စတင်ထုတ်​ဝေဖြန့်ချီခဲ့တာဖြစ်ပြီး ပထမအပတ်အတွင်းမှာတင် အချပ်​ရေ ၈၀၇,၀၅၆ ကို ​ရောင်းချခဲ့ရတာဖြစ်ပါတယ်။

“BTS, The Best” album ဟာ ဂျပန်နိုင်ငံမှာ အချပ်​ရေ ၁ သန်း​ကျော်​ရောင်းချခဲ့ရတဲ့ BTS အဖွဲ့ရဲ့ ပထမဆုံး album ဖြစ်သလို Billboard Japan ရဲ့ ​ပြောကြားချက်အရဆိုရင် ဒီ album ဟာ ၂၀၂၁ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ဒီလိုစံချိန်ကို ရရှိတဲ့ ပထမဆုံး album လည်းဖြစ်ပါတယ်။ဒါတင်မက​သေးပဲ BTS အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ million seller ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိတဲ့ ပထမဆုံး K-Pop ​ယောကျ်ား​​လေးအဖွဲ့ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တုန်းက K-Pop အမျိုးသမီးအဆိုရှင်တစ်ဦးဖြစ်တဲ့ BoA ရဲ့ “Best of Soul” album ဟာလည်း ဒီလို အချပ်​ရေ ၁ သန်း​ကျော် ​ရောင်းချခဲ့ရဖူးပါတယ်။ ဒါ​ကြောင့် BTS အဖွဲ့ရဲ့ “BTS, The Best” ဟာ ၁၆ နှစ်ကြာမှ ဂျပန်နိုင်ငံမှာ အချပ်​ရေ ၁ သန်း​ကျော် ​ရောင်းချခဲ့ရတဲ့ ပထမဆုံး K-Pop album လည်း ဖြစ်ပါတယ်။

BTS အဖွဲ့က​တော့ သူတို့ရဲ့ အနုပညာနဲ့ စံချိန်​သစ်​တွေ တင်ပြီးရင်း တင်​နေ​တော့တာပါပဲ။ ​နောက်ဆိုရင် စံချိန်အတင်နိုင်ဆုံးအဖွဲ့ဆိုပြီး​တော့​တောင် ဂရင်းနစ်စံချိန်တင်ဦးမလားလို့​တောင် ထင်မိပါတယ်။

Source : Allkpop, Koreaboo
Photo : Twitter
Written : ZL