Celebrity News

အိမ်ထောင်သက်တမ်း 3 နှစ်ကျော်မှ ပထမဦးဆုံး ရင်သွေးလေးကို ရသွားပြီ ဖြစ်တဲ့ Big Bang အဖွဲ့ဝင် Taeyang

Taeyang နဲ့ Min Hyo Rin ဟာ 3 နှစ်လောက် ချစ်သူအဖြစ် တွဲခဲ့ကြပြီးမှ 2018 ခုနှစ် Feburuary လ မှာ လူသိရှင်ကြား လက်ထပ်ခဲ့ကြပါတယ်။ အိမ်ထောင်သက်တမ်း ၃ နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့ သူတို့ဟာ ကလေးယူလိုက်ကြပါပြီ။

Taeyang နဲ့ Min Hyo Rin တို့ ကလေးရနေတဲ့ အကြောင်းကို Hankook Ilbo သတင်းဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး Min Hyo Rin ဟာ ကိုယ်ဝန်ဆောင် နောက်ဆုံးအဆင့်ရောက်နေပြီ ဖြစ်ပါတယ်တဲ့။ နှစ်ယောက်စလုံး သူတို့ရဲ့ ပထမဆုံး ကလေးလေး ဖွားမြင်ဖို့ ပျော်ရွှင်စွာ စောင့်ဆိုင်းနေကြပါတယ်လို့လည်း တင်ပြထားပါတယ်။

သူတို့ နှစ်ယောက် hannam ပတ်လည်မှာ လမ်းလျှောက်နေကြတာကို ထိုနားက ဒေသခံတွေကလည်း တွေ့ဖူးကြပါတယ်တဲ့။ ဒါပေမဲ့ ကိုယ်ဝန်သတင်းနဲ့ ပက်သက်ပြီး မှတ်ချက်တွေတော့ မပေးထားကြပါဖူး။ YG Entertainment ကတော့ ဒီကလေးရသွားတဲ့ သတင်းနဲ့ ပက်သက်ပြီး confirm ပေးထားပါတယ်။

Source: koreaboo
Written : Violet