Celebrity News

“အနမ်းသခင်ကြီး” ဘွဲ့ကို ရရှိခဲ့တဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်မင်းသားချော (၇) ဦး

အချစ်ဇာတ်လမ်းတွဲတွေကို ကြည့်ရှုသူတိုင်း Ro ဆန်မှုတွေကို ရှောင်လွှဲလို့မရသလို အနမ်းပေးတဲ့ဇာတ်ဝင်ခန်းကလည်း ပါလာစမြဲပါပဲ။ “အနမ်းသခင်ကြီးဘွဲ့” ကို ပေးအပ်ဖို့အတွက် ပရိသတ်တွေအကြိုက် ရွေးချယ်စေခဲ့ရာ မင်းသား (၇) ယောက်ကတော့ ပေါ်ထွက်လာပါတယ်။

• Song WeiLong

အသက် (၂၀) ကျော်လေးပဲရှိသေးပေမဲ့ Song WeiLong ရဲ့ အရည်အချင်းကတော့ မသေးပါဘူး။ ဇာတ်လမ်းပေါင်းများစွာနဲ့ ဆုရရှိဖူးသူဖြစ်ပြီး ပရိသတ်တွေရဲ့ရွေးချယ်မှုအရ အနမ်းဆရာကြီးဖြစ်လာပြန်ပါတယ်။

• Xu Kaicheng

လင်းဘော့စ်ရောဂါ မစွဲကပ်ဖူးတဲ့ပရိသတ်ကြီးတော့ ရှိမယ်မထင်ပါဘူးနော်။ ‌ခန့်ညားကာကြည့်ကောင်းပြီး အရိုတလိုင်းတွေချည်းသရုပ်ဆောင်တဲ့ Xu Kaicheng ကလည်း အနမ်းဆရာကြီးပါပဲ။

• Zhang Han

ချိုင်းနားဇာတ်လမ်းတွဲကြည့်သူတွေရဲ့ ပထမဆုံးအချစ်ဦးတစ်ယောက်ဖြစ်သူကတော့ Zhang Han ပါပဲ။ တကယ့်ကို ကျေနပ်စရာအချစ်ကားတွေချည်းရိုက်ရင်း ကြည်နူးစရာကောင်းတဲ့အနမ်းခြွေသူကြီးအဖြစ် နာမည်ကြီးလှပါတယ်။

• Huang Jingyu

တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ခန့်ချောမင်းသားကတော့ Huang Jingyu ဟာ “Addicted” ဇာတ်လမ်းကတည်းက ပရိသတ်များစွာရရှိခဲ့ပြီး Normal ဇာတ်လမ်းမျိုးတွေမှာလည်း Ro ဆန်လွန်းတာကြောင့် ပရိသတ်တွေက ရွေးချယ်ခဲ့ကြပါတယ်။

• Ding Yuxi

“The Romance of Tiger & Rose” မှာကတည်းက မင်းသား Ding Yuxi ဟာ ပရိသတ်တွေကို နှစ်ခြိုက်သဘောကျစေခဲ့ပြီး စာရင်းဝင်ဖြစ်လာပါတော့တယ်။

• Yang Yang

အနမ်းဆရာကြီးဆိုမှတော့ Yang Yang က မပါမဖြစ်ပါပဲ။ Yang Yang သရုပ်ဆောင်သမျှဇာတ်လမ်းတိုင်းက Ro လွန်းပြီး ကြည်နူးစရာကောင်းလွန်းတာကြောင့် ပရိသတ်တွေအသည်းစွဲပါပဲ။

• Deng Lun

ရှေးဟောင်း၊ ခေတ်ပေါ် ဘယ်ကားမဆို အချစ်ကြမ်းတဲ့ Deng Lun ကတော့ Ro ဆန်မ‌ှုမှာ ဆရာကြီးပါပဲ။ တည်ငြိမ်တဲ့ပုံစံနဲ့ ကြည်နူးစရာကောင်းအောင် သရုပ်ဆောင်တဲ့နေရာမှာ ဆရာကျလွန်းလှပါတယ်။

Source: Celebritiesnews
Photos: Weibo
Translated by Julix