Celebrity News

မင်းသား Lee Min Ho စိတ်ကူးထားတဲ့ Married Life ပုံစံက ဘယ်လိုမျိုးဖြစ်မလဲ

ဆံပင်လိပ်ကောက်ကောက်နဲ့ ဂူဂျွန်ဖြိုးကိုတော့ ကလေးလူကြီးမရွေး အားလုံးသိကြမှာပါ။ အသက် ၃၄ နှစ်အရွယ် Single မင်းသားချော Lee Min Ho ကတော့ ပရိသတ်တွေရဲ့အသည်းစွဲမင်းသားဖြစ်လာတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိပါတော့မယ်။

ဒီတော့ တစ်ခါက MinHo ကိုယ်တိုင်ဖြေဖူးတဲ့ သူ့ရဲ့စိတ်ကူးယဉ် အိမ်ထောင်သည်ဘဝကို ပြန်တွေးကြည့်ရအောင်။ အင်တာဗျူးတစ်ခုမှာ Lee Minho က အခုလိုလေး ဖြေဖူးပါတယ်။ “အနာဂတ်မှာ ကျွန်တော်ဟာ လက်ထပ်ဖြစ်ခဲ့ရင် ကျွန်တော့်ရဲ့ဇနီးလေးနဲ့ သူငယ်ချင်းလို relationship လေး တည်ဆောက်ချင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မကြာခဏအဆင်အသွယ်လုပ်နေရတာမျိုးက အကောင်းဆုံးပဲပေါ့။ ဒါပေမဲ့ နည်းနည်းတော့ အဆင်မပြေဖြစ်တာမျိုးရှိလောက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဘေးမှာ အမြဲတမ်း ပရိသတ်တွေနဲ့ ဝန်ထမ်းတွေက ဝိုင်းနေတာ။

ကျွန်တော်ရဲ့ ကိုယ်ပိုင်အချိန်တွေက တဖြည်းဖြည်းပျောက်ဆုံးလာတာနဲ့အမျှ လုပ်ချင်တာတွေလုပ်ဖို့ ခက်ခဲလာတယ်။ ဒါကလည်း ဆိုးတဲ့အရာတော့မဟုတ်ပါဘူး။ အကောင်းဖက်ကတွေးကြည့်ရင် အလုပ်လုပ်နေရင်း ကျွန်တော်လုပ်ချင်တာတွေလုပ်နိုင်ဖို့ အချိန်ဖယ်ပြီး လုပ်နိုင်အောင်ကြိုးစားရမှာပေါ့” ဆိုပြီး ဖြေဖူးပါတယ်။

Lee Min Ho အတွက် အနာဂတ်ဇနီးလောင်းဟာ သူ့အတွက် သူငယ်ချင်းလိုမျိုး ပေါ့ပေါ့ပါးပါးဆက်ဆံလို့ရမယ့် မိန်းကလေးမျိုးလို့ ပြောချင်ပုံပါပဲ။ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အဆင်မပြေပေါင်းမျာစစွာကို နားလည်ပေးနိုင်ပြီး ဂရုစိုက်ပေးမဲ့ကောင်မလေးမျိုးကို လိုချင်ပုံပါပဲနော်။

Source: Koreaboo
Photos: Koreaboo
Translated by Julix