Celebrity News

Blackpink’s Lisa ရဲ့ Fanboy လေးတွေဖြစ်နေကြတဲ့ နာမည်ကြီးထိုင်းမင်းသားများ

BLACKPINK ရဲ့ ထိုင်းနိုင်ငံသူအဖွဲ့ဝင်လေး Lisa ကတော့ ပိုကီမွန်စုသလိုပဲ နာမည်ကြီးတွေရဲ့ သဘောကျနှစ်ခြိုက်အားပေးခြင်းကို ရရှိထားပါတယ်။ နာမည်ကြီးထိုင်းမင်းသားတွေကလည်း Lisa လေးရဲ့ fanboy တွေဖြစ်နေကြပါတယ်။ ဘယ်သူတွေလည်းဆိုတာ ကြည့်,ကြည့်ကြရအောင်။

Great Sapol

Thai channel 7 ရဲ့ ခန့်ချောမင်းသားဖြစ်သူ Great Sapol ကတော့ Lisa ရဲ့ fanboy အဖြစ် လူသိများကြပါတယ်။ ၂၀၁၈ June 23 ရက်နေ့တုန်းက Great Sapol ဟာ တောင်ကိုရီးယားအထိသွားပြီး Blackpink ရဲ့ fansign ကို တက်ရောက်ခဲ့ပါသေးတယ်။

Mike D. Angelo

နာမည်ကျော်ကြယ်ပွင့် Mike D. Angelo ကလည်း Blackpink’s Lisa ကို အားကျနှစ်သက်ကြောင်း မီဒီယာတွေမှာ ဖော်ပြပြောဆိုဖူးပါတယ်။

Pon Nawasch

‘3 Zaap’ ရှိုးကိုတက်ရောက်ရင်း မင်းသား Pon Nawasch ဟာ Blackpink’s Lisa ကို နှစ်သက်ကြောင်း ပြောဆိုဖူးပါတယ်။ Lisa ရဲ့ တကိုယ်တော်သီချင်း “LaLisa” ထွက်တော့လည်း သူ့ရဲ့ IG Story Lisa ရဲ့ပုံတွေကိုတင်ပြီး Support ခဲ့ပါသေးတယ်။

James Jirayu

ထိပ်တန်းမင်းသား James Jirayu ကလည်း Lisa ရဲ့ fanboy ဖြစ်နေပြန်ပါတယ်။ မကြာသေးခင်ကမှ James ဟာ သူ့ရဲ့ဓာတ်ပုံကို Lisa ရဲ့ သီချင်းစာသားနဲ့အတူ caption ရေးကာ တင်ခဲ့ပါသေးတယ်။

Captain Chonlatorn

“Love Sick The Series” ရဲ့ ဇာတ်ဆောင်မင်းသား Captain Chonlatorn ဟာ Blackpink’s Lisa ကို Instagram မှာ Following လုပ်ထားသူပါ။ Lisa ရဲ့အကြောင်းတွေကိုလည်း သူ့ရဲ့ Twitter မှာ မကြာခဏဆိုသလို တင်လေ့ရှိပါတယ်။

Bright Vachirawit

Bright က BLACKPINK ရဲ့ Fanboy တစ်ယောက်မှန်း အားလုံးသိကြမှာပါ။ သူကလည်း “LaLisa” သီချင်းထွက်တော့ Lisa ရဲ့ ပုံကို သူ့ရဲ့ IG Story မှာ မျှဝေခဲ့ပါတယ်။

Jinjett Wattanasin

အဆိုတော် သရုပ်ဆောင် Jaonaay ကလည်း Lisa ကို နှစ်ခြိုက်နေသူလေးပါပဲ။ Music Viedo ထဲက Lisa တစ်ယောက် ဆိုင်ကယ်စီးနေတဲ့ပုံ screenshot ရိုက်ပြီး IG Story မှာ လာတင်ရင်း အပီအပြင် Support ခဲ့ပြန်ပါသေးတယ်။

Source: Thaidaily
Photos: Thaidaily
Translated by Julix