Celebrity News

Seo Ye Ji နှုတ်ထွက်သွားပြီးနောက် မင်းသမီးအသစ်ဖြင့် ရိုက်ကူးတော့မယ့် ‘Island’

OCN ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းသစ် ‘Island’ ဟာ ဇာတ်လိုက်အသစ်တွေဖြင့် ရိုက်ကူးမယ့်အကြောင်း အတည်ပြုခဲ့ပါပြီ။ ဒီနှစ်အစောပိုင်းလောက်ကလည်းက ထုတ်လုပ်ရေးပိုင်းမှာ အဆင်မပြေမှုတွေကြောင့် ရိုက်ကူးရေးနှောင့်နှေးခဲ့ရပါတယ်။

မေလတုန်းက မင်းသမီး Seo Ye Ji ဟာ လူမှုရေးပြဿနာတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကိုခံခဲ့ရပြီး သူမအတွက် ဇာတ်လမ်းသစ်ဖြစ်လာမယ့် ‘Island’ ကနေလည်း နှုတ်ထွက်ခဲ့ပါတယ်။

မူလအစက Seo Ye Ji ဟာ အဓိကမိန်းကလေးဇာတ်ကောင်ဖြစ်တဲ့ ကံကြမ္မာငင်နေတဲ့ တတိယမျိုးဆက် လူချမ်းသာအမျိုးသမီး Won Mi Ho အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း မြောက်မြားစွာသော ပြဿနာရပ်တွေကြောင့် Seo Ye Ji ဟာ ရိုက်ကူးရေးကနေ ခေတ္တအနားယူခဲ့ပြီး လူမြင်ကွင်းကနေ ခဏတာ ပျောက်ကွယ်သွားခဲ့ပါတယ်။

Seo Ye Ji အစား မင်းသမီး Lee Da Hee က အဓိကဇာတ်လိုက်အဖြစ် ‘Island’ ဇာတ်လမ်းမှာပါဝင်လာတော့မှာပါ။ ဒါကြောင့်မို့လို့ Lee Da Hee ဟာ Kim Nam Gil, ASTRO’s Cha Eun Woo, Sung Joon တို့နဲ့အတူ ဇာတ်လမ်းတွဲဖက်တွေဖြစ်လာပါတယ်။

‘Island’ ဇာတ်လမ်းက မူရင်းဝတ္ထုနာမည်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ရိုက်ကူးသွားမှာဖြစ်ပြီး ဂျယ်ဂျူးကျွန်းရဲ့ အံ့ဖွယ်ဖြစ်ရပ်နဲ့ အမှောင်စွမ်းအားတွေကို ဆန့်ကျင်တိုက်ခိုက်ရင်း ကမ္ဘာကြီးကိုကယ်ဆယ်သွားမယ့် လူတစ်စုအကြောင်းပဲ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ စတင်ရိုက်ကူးနိုင်ဖို့ စီစဉ်နေတာဖြစ်လို့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲကြိုက်သူတိုင်း သတင်းစွင့်နေကြပါနော်။

Source: Allkpop
Photos: Naver
Translated by Julix