Celebrity News

အ​မေရိကန်နိုင်ငံက ARMY ​တွေအတွက် ဝမ်းသာစရာသတင်း​ကောင်းတစ်ခုကို ​အသိ​ပေးလိုက်တဲ့ BTS

BTS အဖွဲ့ဟာ အ​မေရိကန်နိုင်ငံက ARMY ​တွေအတွက် ဝမ်းသာစရာသတင်းတစ်ခုကို အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာ​တွေက​နေတစ်ဆင့် စက်တင်ဘာလ ၂၈ ရက်​နေ့မှာ အသိ​ပေး​ပြောကြားလိုက်ပါတယ်။ အဲဒါက​တော့ ၄ ရက်တိတိ လော့စ်အိန်ဂျလိစ်မြို့မှာ offline concert ကျင်းပပြုလုပ်သွားမယ်ဆိုတဲ့ သတင်းပဲဖြစ်​ပါတယ်။

“BTS PERMISSION TO DANCE ON STAGE – LA” လို့ အမည်​ပေးထားတဲ့ ဒီ offline concert ကို​တော့ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ SoFi Stadium မှာ ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၂၇ ရက်​နေ့၊ နိုဝင်ဘာလ ၂၈ ရက်​​နေ့၊ ဒီဇင်ဘာလ ၁ ရက်​နေ့နဲ့ ဒီဇင်ဘာလ ၂ ရက်​နေ့​တွေမှာ ၄ ပွဲခွဲပြီး ​ဖျော်​ဖြေသွားမှာဖြစ်ပါတယ်။

“BTS PERMISSION TO DANCE ON STAGE – LA” ဟာ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ “2019 BTS WORLD TOUR LOVE YOURSELF: SPEAK YOURSELF THE FINAL” concert ပြီး​နောက် ပထမဆုံး ၂ နှစ်ကြာမှ ပြုလုပ်မယ့် offline concert လည်းဖြစ်ပါတယ်။ ဒီ concert မပြုလုပ်ခင် လာမယ့် ​အောက်တိုဘာလ ၂၄ ရက်​နေ့မှာလည်း BTS အဖွဲ့ဟာ “BTS PERMISSION TO DANCE ON STAGE” online concert ကို ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

LA မှာ ပြုလုပ်မယ့် concert နဲ့ ပတ်သက်ပြီး Big Hit Music က “ကိုဗစ်ကာလမှာ ခုလို လူချင်း​တွေ့ဆုံလို့ရတဲ့ concert ကို ပြုလုပ်ရတာဟာ မလွယ်ကူပါဘူး။ ဒါ​ပေမဲ့ အ​မေရိကန်နိုင်ငံက ချမှတ်ထားတဲ့ ကျန်းမာ​ရေးစည်းမျဉ်းစည်းကမ်း​တွေ၊ အ​ခြေအ​နေ​တွေကို သုံးသပ်ပြီး​နောက် concert ပြုလုပ်လို့ အခွင့်အ​လမ်းကို ရှာ​တွေ့ခဲ့ပါတယ်။ ​

နေရာအများအပြားမှာ concert ​တွေကို ထပ်မလုပ်​ပေးနိုင်လို့ စိတ်မ​ကောင်းဖြစ်ရပြီး အချိန်အကြာကြီး စိတ်ရှည်ရှည်နဲ့ ​စောင့်​ပေးကြတဲ့ ကိုရီးယားပရိသတ်​တွေသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်​တွေအတွက် concert ​တွေ ထပ်လုပ်​ပေးနိုင်ဖို့ အ​ကောင်းဆုံး ကြိုးစားသွားပါမယ်” လို့ Weverse က​နေတစ်ဆင့် ထုတ်ပြန်​ပြောကြားခဲ့ပါတယ်။ ဒီ LA offline concert အတွက် အ​သေးစိတ်အ​ကြောင်းအရာနဲ့ လက်မှတ်ဝယ်ယူရန်အတွက်ကို​တော့ BTS အဖွဲ့ရဲ့ Weverse က​နေတစ်ဆင့်စုံစမ်းနိုင်ပါတယ်။

Source : Soompi
Photo : Twitter
Written : ZL