Celebrity News

“Money” performance video ထဲက သူမရဲ့ ဆံပင်စတိုင်အတွက် ​တောင်းပန်စကားဆိုခဲ့တဲ့ Lisa

လွန်ခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ fan sign မှာ Lisa ဟာ သူမရဲ့ “Money” သီချင်း performance video နဲ့ teaser ထဲက ဆံပင်ပုံစံအတွက် ​တောင်းပန်ခဲ့ပါတယ်။BLACKPINK အဖွဲ့ဝင် Lisa ဟာ စက်တင်ဘာလ ၁၀ ရက်​နေ့က တစ်ကိုယ်​တော်ပွဲဦးထွက် album “LALISA” ကို ထုတ်​ဝေဖြန့်ချီခဲ့ပြီး solo artirst တစ်​ယောက်အ​နေနဲ့ စံချိန်​​တွေချိုးဖျက်ကာ ​လတ်​တ​လော လူ​တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး K-Pop Idol တစ်ဦးဖြစ်​နေပါတယ်။

စက်တင်ဘာလ ၁၉ ရက်​နေ့မှာ​​​တော့ “LALISA” album ထဲမှာ ပါဝင်တဲ့ “Money” သီချင်း performance video အတွက် teaser ပုံကို YG Entertainment က BLACKPINK အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာ​တွေက​နေတစ်ဆင့် ​ထုတ်​ဖော်ခဲ့ပါတယ်။ ကံမ​ကောင်းစွာပဲ အဲ့ဒီ teaser ပုံဟာ ​ဝေဖန်မှုတစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Netizen ​တွေဟာ ထိုပုံထဲက Lisa ရဲ့ ​ဆံပင်စတိုင်ဟာ ရိုးရာယဉ်​ကျေးမှုကို ​တုပတဲ့လုပ်ရပ်ဖြစ်တယ်လို့ ​ပြောဆို​နေကြတာပါ။ ထိုပုံထဲမှာ Lisa ဟာ စုထုံးထားတဲ့ဆံပင်ကိုမှ အနီ​ရောင် ကြိုးထုံးကျစ်ဆံမြီးကို ဆက်ထားခဲ့တာဖြစ်ပြီး ဒီလို ကျစ်ဆံမြီးမျိုးဟာ အာဖရိကန်လူမျိုး​တွေ အ​လေးအမြတ်ထားတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။

ဒီပုံနဲ့ ပတ်သက်ပြီး ငြင်းခုံ​ပြောဆိုမှု​တွေလည်း ရှိခဲ့ပြီး တချို့က​တော့ ဒါဟာ “Phom Pia” လို့ ​ခေါ်တဲ့ ထိုင်းရိုးရာ ကျစ်ဆံမြီးပုံစံဖြစ်ပြီး Lisa ကလည်း ထိုင်းလူမျိုးဖြစ်တဲ့အတွက် ယဉ်​ကျေးမှုကို တုပတယ်လို့ ​ပြောလို့မရ​ကြောင်း Lisa ကို ကာကွယ်​ပြောဆို​ပေးခဲ့ပါတယ်။

တချို့ကလည်း ထိုင်းရိုးရာကျစ်ဆံမြီးဆိုတာမရှိဘူးလို့ ပြန်လည်ငြင်းဆိုခဲ့ကြပြီး အငြင်းပွားခဲ့ကြပါတယ်။ Lisa ဟာ ထိုဆံပင်ပုံစံကို performance video ထဲမှာလည်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒါ​ကြောင့် ဒီပြဿနာနဲ့ ပတ်သက်ပြီး Lisa ဟာ စက်တင်ဘာလ ၂၆ ရက်​နေ့က ပြုလုပ်ခဲ့တဲ့ fan sign က​နေတစ်ဆင့် ​တောင်းပန်စကားဆိုခဲ့ပါတယ်။

Lisa နဲ့ fan sign ကို မဲ​ပေါက်ပြီး video call ​ပြောခွင့်ရတဲ့ ပရိသတ်တစ်​ယောက်က “Money” teaser ပုံဟာ ဘာ​ကြောင့် ယဉ်​ကျေးမှုကို တုပတယ်လို့ ​ပြောခံ​နေရပြီး ဘာ​ကြောင့် BLINK အသိုင်းအဝိုင်းမှာ အငြင်းပွားစရာ​တွေဖြစ်​နေလဲဆိုတာကို ရှင်းပြခဲ့တာပါ။

အဲ့ဒီပရိသတ်ဟာ သူမရဲ့ Twitter account က​နေတစ်ဆင့် Lisa နဲ့ video call ​ပြောထားတဲ့ screen recording ကို မျှ​ဝေခဲ့ပါတယ်။ Lisa ဟာ ဒီကိစ္စကို ​အ​သေးစိတ်​လေ့လာဖို့အတွက် video call ​ပြောတဲ့အချိန်ကို တိုး​စေခဲ့ပြီး ပရိသတ်​တွေကိုလည်း ​တောင်းပန်ခဲ့ပါတယ်။

အဲ့ဒီ ပရိသတ်တင်ထားတဲ့ ၄၅ စက္ကန့်စာ ဗီဒီယိုမှာဆိုရင် Lisa က “ကျွန်မမသိခဲ့ဘူး။ ကျွန်မမှာ မ​ကောင်းတဲ့သ​ဘောမရှိပါဘူး။ ဒီဆံပင်ပုံစံက အရမ်းမိုက်တယ်လို့ ​တွေးမိခဲ့တယ်။ အဲ့​ဒါအကုန်ပါပဲ။ ဒါ​ပေမဲ့ ကျွန်မစိတ်​တော်​​တော်မ​ကောင်းဘူး။ သိတယ်မလား။

ကျွန်မလုပ်လိုက်တဲ့အရာ​ကြောင့် တစ်စုံတစ်​ယောက် ထိခိုက်နစ်နာသွားတယ်ဆို​တော့​လေ” ဆိုပြီး သူမရဲ့ သ​ဘောထားကို ​ပြောပြခဲ့ပါတယ်။ ထိုပရိသတ်က​တော့ Lisa ကို BLINK ​တွေက ချစ်တယ်ဆိုတာ ​သေချာသိ​အောင် ​ပြောပြခဲ့ပြီး ​နောက်ဆို ဒီကိစ္စကို သတိထားလို့ရ​အောင် ​ပြောပြရုံသာဖြစ်​ကြောင်း ရှင်းပြခဲ့ပါတယ်။

Lisa က​တော့ “ကျွန်မတကယ်​တောင်းပန်ပါတယ်။ ကျွန်မ ဘယ်အရာမဆို ၂ ခါပြန်စစ်​​ဆေးခဲ့သင့်တာ” လို့ ​တောင်းပန်စကား​ပြောခဲ့ပြီး ​နောက်ဆို သတိထားပါ့မယ်လို့ ကတိ​ပေးခဲ့ပါတယ်။

ယခင်ကလည်း ဒီလိုကျစ်ဆံမြီးဆံပင်ပုံစံကို လုပ်ခဲ့ဖူးတဲ့ ​ယောကျ်ား​လေး၊ မိန်းက​လေး Idol ​တွေရှိခဲ့ပြီး သူတို့​တွေဟာလည်း ဒီလိုပဲ ​တချို့​သော ပရိသတ်​တွေရဲ့ ​ဝေဖန်မှုကို ခံခဲ့ရပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL