Celebrity News

SM stan တွေ ခေါင်းစားအောင် လုပ်နေတဲ့ Kwangya ကို Kai ဘယ်လိုဖော်ထုတ်ခဲ့သလည်းဆိုတော့…

SM Entertainment ဟာ သူတို့ရဲ့ idol အဖွဲ့တွေကို စိတ်ကူးယဉ်ဆန်ဆန် concept တွေနဲ့ MV တွေ သီချင်းတွေကို ရိုက်ကူးသီဆိုခိုင်းပါတယ်။ SMCU ဆိုတဲ့ SM Culture Universe ကြီးထဲမှာ SM ရဲ့ idol တွေက ပုံစံတမျိုးစီနဲ့ ရှိအောင်ပုံဖော်ထားပါတယ်။ ဥပမာ Kpop Queen ဖြစ်တဲ့ BOA ကို SMCU ဖန်တီးသူကြီးအဖြစ် ပုံဖော်ထားပါတယ်။

EXO အဖွဲ့ဆိုရင် EXO planet က လာသူများဖြစ်ကြပြီး သဘာဝလွန် စွမ်းအင်တွေ ပိုင်ဆိုင်ထားကြသူလို့ ဆိုပါတယ်။TVXQ အဖွဲ့ကတော့ Speed of light and sound ဖြစ်ပြီး Girls Generation အဖွဲ့ကတော့ အသံနတ်ဘုရားမတွေ ဖြစ်ပါတယ်။ Superjunior အဖွဲ့ကတော့ ဒီ universe ကြီးထဲမှာ အချိန်ခရီးသွား သွားလာသူတွေ ဖြစ်ပါတယ်။

Shinee အဖွဲ့ကတော့ အလင်းတန်း ငါးသွယ်ဖြစ်ပြီး Red Velvet အဖွဲ့ကတော့ နတ်ဘုရားတွေကို ဆက်သွယ်နိုင်တဲ့ ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။ NCT အဖွဲ့ကတော့ အိပ်မက်တွေ က တဆင့် ဆက်သွယ်ပြောဆိုနိုင်တဲ့ တမန်တော်ဆက်သား တွေ ဖြစ်ပါတယ်။ ခု မိန်းကလေးအဖွဲ့အသစ်ဖြစ်တဲ့ Aespa အဖွဲ့ကိုတော့ AI techonlogy နည်းပညာနဲ့ လုပ်ထားတဲ့ ကိုယ်ပွါး”Ae” တွေပါအောင် အဆင့်မြှင့် ဖန်တီးထားပါတယ်။

ဒီလို ထူးဆန်းတဲ့ Story line တွေနဲ့ Idol တွေရဲ့ MV တွေကို ဖန်တီးထားတဲ့အတွက် MV တခါထွက်တိုင်း SM stan တွေအဖို့ အမြဲခေါင်းစားရစမြဲပါ။ SM ဟာာ အဖွဲ့တွေကို အရင်က ကိုယ့် story line နဲ့ ကိုယ် လုပ်ထားပေမဲ့ ခုတော့ “Kwangya” ဆိုတဲ့ စကားလုံးနဲ့ အဖွဲ့တွေရဲ့ story line တွေကို ဆက်စပ်ပုံဖော်နေပါပြီ။

ထိုစကားလုံးသစ်ဟာ Aespa ရဲ့ debut သီချင်းသစ် BLACK Mamba ထဲမှာ စ ပါလာတာဖြစ်ပြီး NCT U အဖွဲ့ရဲ့ “90’s Love,” နဲ့ EXO အဖွဲ့ရဲ့ “Don’t Fight the Feeling” သီချင်းစာသားတွေထဲမှာလည်း ပါလာပါတယ်။ “Kwangya” ဆိုတာဟာ SMCU ကြီးရဲ့ villain ဖြစ်တဲ့ BLACK Mamba နေတဲ့နေရာဖြစ်ပြီး SM အဖွဲ့တွေက ထိုနေရာမှာ ပိတ်မိရင် ပိတ်မိနိုင်ပါတယ်။

SM universe ကြီးရဲ့ နောက်ဆုံးပန်းတိုင် ငြိမ်းအေးတဲ့နေရာကတော့ “Kosmos” ဆိုတဲ့နေရာပါ။ ဒါကြောင့် SM ရဲ့ idol အဖွဲ့တွေဟာ “Kwangya” ကနေ ထွက်ပြေးပြီး “Kosmos” ဆိုတဲ့နေရာ သွားနိုင်အောင် ကိုယ့်နည်းလမ်းနဲ့ ကိုယ်ရှာဖွေနေကြပါတယ်။

အထက်ပါအကြောင်းအရာတွေကို MV တွေ သီချင်းတွေနဲ့ စိတ်ကူးယဉ်ပုံဖော်ထားပေမဲ့ အပြင်မှာလည်း SM က ဆောက်ထားတဲ့ “Kwangya” ဆိုတဲ့ Building အသစ်ကြီး ရှိပါတယ်။ ထိုနေရာကို ဦးဆုံးသွားလည်ခွင့်ရသူက EXO အဖွဲ့ဝင် Kai ပါ။ ဒါပေမဲ့ “Kwangya” ကို သွားဖို့ စိန်ခေါ်မှုပေါင်းစုံ လုပ်ခဲ့ရပါတယ်။

Kwangya ဟာ Seoul မြို့ရဲ့ သစ်တော၊ ပန်းခြံအလယ်ကြီးမှာ ဆောက်ထားတာ ဖြစ်ပြီး တကယ် အနားယူလို့ကောင်းတဲ့နေရာကြီးပါ။ အထပ်ပေါင်း အများကြီးရှိပြီး 7th floor ကတော့ SM က ဝန်ထမ်းတွေ အနားယူလို့ရအောင်လုပ်ထားပြီး meeting room တွေလည်း ပါ ပါတယ်။

Kai လည်း သူ့ mission အရ 7th floor ကိုသွားပြီး ထိုနေရာကို လှည့်ပတ်ကြည့်ရှုကာ ကော်ဖီသောက် အနားယူခဲ့ပါတယ်။ ဒါပေမဲ့ သူ ခုလိုပြောလိုက်တဲ့ စကားတခွန်းကြောင့် အားလုံး ပွဲကျခဲ့ရပါတယ်။ “SM က Kwangya နဲ့ ပက်သက်ပြီး အများကြီးညွှန်းထားပေမဲ့ ခုတော့ ဒီကိုလာပြီး coffee သောက်ရုံဘဲလား”

Kai “Kwangya” ကို ဘယ်လိုသွားခဲ့တယ်၊ ဘာတွေလုပ်ခဲ့သလည်းဆိုတာ အသေးစိပ် ဒီ့ထက်ပိုသိချင်ရင် EXO official YouTube channel မှာ ကြည့်လို့ရနိုင်ပါပြီ။ Asia Cele Bar page မှာလည်း “Kai ဘယ်လောက် ကံကောင်းမကောင်း ဆိုတာသိရမဲ့ Kai ရဲ့ ပထမဆုံး YouTube Vlog” ဆိုပြီး တင်ထားတာမို့ ရှာဖွေဖတ်ရှုကြည့်လို့ရပါတယ်နော်။

Source: Koreaboo
Written: Violet