Celebrity News

Keep Running Season အသစ်ရဲ့ အဖွဲ့ဝင်သစ်တွေဖြစ်လာခဲ့တဲ့ Lin Yi နဲ့ Bai Lu

စက်တင်ဘာလကုန်ခါနီးလေးကပဲ Keep Running အစီအစဉ်ဟာ Season သစ်တွေရိုက်ကူးမယ့်အကြောင်း တရားဝင်ကြေညာပြီးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းကပြသခဲ့ပြီး ကြည့်ရှုသူများခဲ့တဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခုပါပဲ။ အဖွဲ့ဝင်အပြောင်းအလဲတွေ လွန်စွာများပြားခဲ့တာကြောင့် ဘယ်သူများ အသစ်ပါလာမလဲဆိုပြီး ရင်ခုန်စွာကြည့်ရတာပါ။

အသစ်ရိုက်ကူးသွားမယ့် Season မှာတော့ Put Your Head on My Shoulder ဇာတ်လမ်းထဲက ကောင်ချောလေး Lin Yi နဲ့ လက်တလောပြသနေတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ (၂) ခုထဲက မင်းသမီးလေး Bai Lu တို့ဟာ အဖွဲ့ဝင်သစ်တွေအဖြစ် ပါလာမယ့်အကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ထုတ်လုပ်ရေးဖက်က “ဧည့်သည်ကြယ့်ပွင့် အဖြစ်မှ အမြဲတမ်းအဖွဲ့ဝင်ဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပိုစတာအသစ်တွေထုတ်ပြီး Bai Lu နဲ့ Lin Yi ကို ကြိုဆိုခဲ့ကြပါတယ်။ အဖွဲ့ဝင်သစ်တွေထည့်ရတဲ့ရည်ရွယ်ချက်ကတော့ Season သစ်ကို လတ်ဆက်တဲ့အငွေ့အသက်နဲ့ ဆန်းသစ်တဲ့ဖျော်ဖြေမှုမျိုး ဖြစ်လာစေဖို့ပါ။

Season ပေါင်းများစွာမှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ Lucas ကတော့ ဒီအပိုင်းသစ်မှာ ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ပရိသတ်တွေရဲ့ဝမ်းနည်းမှုကို ဖြေသိမ့်နိုင်ဖို့အပြင် ပြည်တွင်းပြည်ပပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်ဖို့ Lin Yi နဲ့ Bai Lu ကို အားကိုးထားပုံပါပဲ။ အစီအစဉ်သစ် စတင်ရိုက်ကူးနေပြီဖြစ်ပြီး ၂၀၂၂ အစောပိုင်းမှာ ပြသမှာဖြစ်လို့ အမာခံပရိသတ်တွေကတော့ ဒီအဖွဲ့သစ် ၂ ယောက်ရဲ့ Skill ကို ကြည့်ဖို့ စောင့်နေကြပါတယ်။

Source: JTN
Photos: Weibo
Translated by Julix