Celebrity News

Girls’ Generation အဖွဲ့ဝင်နဲ့ ထပ်မံရေစက်ဆုံဆည်းပြန်ပြီဖြစ်တဲ့ မင်းသား Ji Chang Wook

မင်းသား Jo Chang Wook ကတော့ SNSD အဖွဲ့ဝင်တွေနဲ့ တော်တော်လေး ရေစက်ရှိပုံပါပဲ။ ဇာတ်လမ်းသစ်ရိုက်ကူးဖို့အတွက် အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Sooyoung နဲ့ တွဲဖက်တော့မှာပါ။

အရင်ကတည်းက ဇာတ်လမ်းသစ်အတွက် ကမ်းလှမ်းခံထားရကြောင်း သတင်းထွက်ခဲ့တာဖြစ်ပြီး အခုဆိုရင် Ji Chang Wook, Girls’ Generation’s Sooyoung နဲ့ ဝါရင့်မင်းသားကြီး Sung Dong Il တို့က “Tell Me Your Wish” (literal title) ဆိုတဲ့ ဇာတ်လမ်းမှာ အတူရိုက်ကူးမယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။

“Tell Me Your Wish” ဇာတ်လမ်းကတော့ နောက်ဆုံးအဆင့် ကင်ဆာရေဂါသည်တွေရဲ့ဆန္ဒကို ဖြည့်‌ဆည်းပေးတဲ့ နယ်သာလန်က ကုသရေးစင်တာအကြောင်းကို မှီငြမ်းထားတာပါ။ ဇာတ်ညွှန်းလေးကတော့ နာတာရှညိဆေးရုံတစ်ခုကို လူမှုဝန်ဆောင်မှုပေးဖို့ရောက်ရှိလာတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။

ဆေးရုံကရောဂါသည်တွေရဲ့ နောက်ဆုံးထွက်သက်မတိုင်ခင် ဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးဖို့ ဆေးရုံဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး လုပ်နိုင်တဲ့အတိုင်းအတာကို ကျော်လွန်ကာ အခက်အခဲမှန်သမျှကို ကြိုးစားလုပ်ကိုင်ပေးတဲ့ ကောင်လေးကို မြင်တွေ့ရပါတော့မယ်။

Ji Chang Wook က မတော်တဆမှုတစ်ခုကြောင့် ဆေးရုံတစ်ခုမှာ ပရဟိတတာဝန်လုပ်ဆောင်ဖို့ တာဝန်ပေးခံရတဲ့ ဇာတ်ကောင် Yoon Gyeo Re အဖြစ် သရုပ်ဆောင်မှာပါ။ Sung Dong Il ကတော့ ဘဝအဓိပ္ပါယ်ကြီးကို ဆုံးရှုံးပြီးတဲ့နောက် ဆေးရုံမှာကူညီတဲ့ ပရဟိတအဖွဲ့ခေါင်းဆောင် Kang Tae Shik အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Sooyoung ကတော့ လူနာတွေကို မျှော်လင့်ချက်တွေရှင်သန်စေတဲ့ သူနာပြုမလေး Seo Yeon Joo အဖြစ် မြင်တွေ့ရပါတော့မယ်။ “Tell Me Your Wish” ကတော့ September 27 ရက်နေ့ကတည်းက စတင်ရိုက်ကူးနေပြီဖြစ်လို့ Ji Chang Wook ရဲ့ Comeback ဇာတ်လမ်းတွဲကို မျှော်နေကြပါဦးနော်။

Source: Soompi
Photos: VLive
Translated by Julix