Celebrity News

ဒေါ်လာ သန်းနဲ့ချီပြီး ဝင်ငွေရရှိခဲ့တဲ့ ထိုင်းသရဲကား (သို့) “The Medium” ရုပ်ရှင်ကားကြီး

The Medium ရုပ်ရှင်ကားကြီးကိုတော့ တော်တော်များများ ကြည့်ပြီးလောက်ကြပါပြီ။ ထိုင်းဒါရိုက်တာ Pisanthanakun နဲ့ တောင်ကိုရီးယားဒါရိုက်တာ Banjong တို့ ပူးပေါင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်က ဇူလိုင် ၁၄ ရက်နေ့ကစပြီး နိုင်ငံတကာ ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တာပါ။

ကိုရီးယားရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Showbox နှင့် ထိုင်းကုမ္ပဏီတို့ရဲ့ လက်စွမ်းတွေဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့ကတည်းက “၂၅ ကြိမ်မြောက် Bucheon နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းရဲ့ နတ်ကိုးကွယ်ကြတဲ့ နယ်မြို့လေးဆီက နတ်ဝင်သည်မျိုးရိုးမိသားစုအကြောင်းကို ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က မှတ်တမ်းရယူတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ။ နတ်ဝင်သည် Nim နဲ့ ဝိဉာဉ်ပူးကပ်ခြင်းခံရပြီး တမိသားစုလုံးရဲ့ အကုသိုလ်ကံတွေကိုပါ စုပြုံပြီးခံရတဲ့ တူမဖြစ်သူ Min အကြောင်းကို ဇာတ်လမ်းပုံစံခပ်အေး‌အေးနဲ့ ထိတ်လန့်ချောက်ချားဖွယ်ဖြစ်အောင် ရိုက်ပြထားတာပါ။

Min နေရာမှာသရုပ်ဆောင်တဲ့မင်းသမီးဆိုရင် နဂိုရုပ်ရည်ပျောက်သွားတဲ့အထိ ပီပြင်လွန်းတာကြောင့် တကယ်ကို မကောင်းဆိုးဝါးပူးကပ်နေတယ်လို့တောင် ထင်မြင်မိကြတဲ့အထိပါပဲ။

The Medium ရုပ်ရှင်မှာ Nim အဖြစ် Narilya Gulmongkolpech ၊ Min အဖြစ် Sawanee Utoomma တို့အပြင် မြောက်မြားစွာသော အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပြောင်မြောက်တဲ့ဇာတ်လမ်းပုံစံကြောင့် ၂၅ ကြိမ်မြောက် Bucheon နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး လတ်တလောအချိန်ထိ The Medium ရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ ရုံဝင်ငွေအများဆုံးရရှိထားသည့် ဇာတ်ကားအဖြစ် ဒေါ်လာ (၇) သန်းကျော်နဲ့ စံချိန်တင်ထားပါတော့တယ်။

Source: Wikipedia
Photos: Wikipedia
Translated by Julix