Celebrity News

Fashion မြို့တော် Paris Night ရဲ့အလှမှာ အသက်ဝင်တောက်ပခဲ့ကြတဲ့ ငွေကြယ်ပွင့်လေး Rosé နဲ့ Jisoo

Fashion လောကရဲ့ ဒိတ်ဒိတ်ကြဲ ကမ္ဘာကျော် Brand တွေ စုဝေးပြသရာ Paris Fashion Week ဟာ တော်ရုံလူဆို တက်နိုင်မဲ့ ပွဲမဟုတ်ပါဖူး။ ဒါပေမဲ့ BLACKPINK အဖွဲ့ဝင် member 4 ယောက်စလုံးဟာ Dior, Chanel , YSL, Celine အစရှိတဲ့ တကယ့် နာမည်ကြီး Brand တွေရဲ့ Global Brand Ambassador တွေဖြစ်တာမို့ ပွဲကို ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

ပွဲဟာ September 28 ကနေ October 5 အထိကျင်းပမှာ ဖြစ်ပြီး Brand မျိုးစုံဟာ နေ့အလိုက် သူတို့ရဲ့ collection ကို ပြသမှာ ဖြစ်ပါတယ်။Dior Ambassador ဖြစ်သူ Jisoo ရဲ့ Dior collection ကတော့ September 28 ည ၇နာရီမှာ ပြသခဲ့ပါတယ်။

ထို ပွဲကို Jisoo ဟာ Dior Resort 2022 collection ရဲ့ number 66 ဝတ်လာခဲ့ပြီး အင်္ကျီဒီဇိုင်းဟာ ရှေးကျတဲ့ ဂရိလူမျိုးပုံကို အဖြူနဲ့အမည်းစပ်ပြီး ဖန်တီးရေးဆွဲထားတာဖြစ်ပါတယ်။ make up ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိရှိပြင်ထားပြီး Jisoo ရဲ့ အလှဟာ ကျော့ရှင်းနေတာမို့ ပွဲထဲမှာ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါသေးတယ်။

Jisoo ပွဲထဲကို ဝင်လာပြီးပြီးချင်း Jisoo ရဲ့ name ဟာ Twitter မှာ worldwide trending 1 ဖြစ်ခဲ့ပြီး သူမရဲ့ ပုံရိပ်တွေဟာ social network တွေမှာ ပလူပျံချက်ပါဘဲ။ YSL Brand Ambassador ဖြစ်သူ Rosé ရဲ့ YSL collection ကိုတော့ ည 12:30 လောက်မှာ အီဖယ်မျှော်စင်ရှေ့ရဲ့ venue မှာ ပြသခဲ့ပါတယ်။

Rosé ကတော့ အမည်းရောင် ဂါဝန်လေးကို ဖိနပ် boot အရှည် အမည်းရောင်နဲ့ တွဲဝတ်လာခဲ့ပါတယ်။ outfit ကရိုးရှင်းပေမဲ့ ရွှေနဲ့ ပုလဲစပ်ထားတဲ့ ဆွဲကြိုးကို လည်တိုင်မှာ ကျော့ရှင်းနေအောင် ဝတ်ဆင်ထားတာကြောင့် Rosé အလှက ပိုကြွသွားပါတယ်။

Make up ကိုတော့ natural ဆန်ဆန် nude color လေးဘဲ ပြင်ထားပြီး ဆံပင်ရွှေအိုရောင်လေးကို ဖဲပြားအနက်လေးနဲ့ စုပြီး ချည်ထားတာကြောင့် all black နဲ့ Rosé ဟာ မိမိုက်နေခဲ့တာပါ။ Rosé ရဲ့ နာမည်ဟာလည်း Twitter မှာ worldwide #2 နဲ့ #3 ဝင်ခဲ့ပြီး သူမရဲ့ fan တွေဟာ ပွဲပြင်ပမှာ Rosé သီချင်းကို သံပြိုင်သီဆိုရင်း သူမကို ကြိုဆိုခဲ့ပါတယ်။

Source: allkpop
Written: Violet