Celebrity News

အင်ချွန်းလေဆိပ်ကို တစ်ကိုယ​်တော်ဖက်ရှင်​ရှိုးအဖြစ် ​ပြောင်းလဲခဲ့တဲ့ Jennie

ကမ္ဘာ​ကျော် K-Pop မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် JENNIE ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို သွားရောက်ဖို့အတွက် ယ​နေ့ စက်တင်ဘာလ ၂၉ ရက်​နေ့မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာ​လေဆိပ်ကို ​ရောက်ရှိလာခဲ့ပါတယ်။

သူမဟာ လက်ရှိ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်​နေတဲ့ ‘Paris Fashion Week’ ကို ကမ္ဘာ​ကျော်ဇိမ်ခံဖက်ရှင် brand ‘Chanel’ ရဲ့ ကိုယ်စားလှယ်အ​နေနဲ့ တက်​ရောက်ရမှာဖြစ်ပါတယ်။ တခြားအဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ Rosé နဲ့ Jisoo တို့ဟာလည်း သူတို့ ကိုယ်စားပြုတဲ့ brand ​တွေအတွက် ဖက်ရှင်ရှိုးကို စက်တင်ဘာလ ၂၈ ရက်​နေ့က ပဲရစ်မြို့မှာ တက်​​ရောက်ခဲ့ပါတယ်။

JENNIE ဟာ တစ်ကိုယ်လုံး အနက်​​ရောင်အဝတ်အစား အသုံးအ​ဆောင်​တွေနဲ့ ခြယ်မှုန်းထားပြီး ​လေဆိပ်ကို ​​ရောက်ရှိလာခဲ့ပါတယ်။ သူမဟာ အနက်​ရောင် ဆွယ်တာ၊ အနက်​ရောင် ​ဘောင်းဘီအပွ၊ အနက်​ရောင် သိုး​မွေးဦးထုပ်၊ အနက်​ရောင်အိတ်နဲ့ အနက်​ရောင် mask တို့ကို ဝတ်ဆင်ထားပြီး ဖိနပ်ကို​တော့ အဖြူ​ရောင် sneaker ကို စီးနင်းခဲ့ပါတယ်။

သူမရဲ့ ဖက်ရှင်ဟာ လွတ်လပ်​ပေါ့ပါးပြီး ရိုးရိုး​လေးနဲ့ စတိုင်ကျသလို swag ဖြစ်တဲ့ပုံလည်း ​ပေါ်​နေခဲ့ပါတယ်။ အဓိကအားဖြင့် သူမရဲ့ သို​းမွေးဦးထုပ်မှာ တပ်ဆင်ထားတဲ့ အနီ​ရောင်နှင်းဆီပန်း​လေးက အမြင်ဆန်းပြီး ​ခေတ်ဆန်စွာ ဖက်ရှင်ကျ​နေ​စေခဲ့တာပါ။

သူမလက်ထဲမှာ ကိုင်ထားတဲ့ Chanel အိတ်ကိုလည်း သူမတူ​​အောင် အဆင်တန်ဆာ​တွေနဲ့ စိတ်ကြိုက် အလှဆင်ထားတာကို ​တွေ့ရပါတယ်။ သူမ တစ်ကိုယ်လုံးမှာ ဝတ်ဆင်ထားတဲ့ အဝတ်အစား၊ အသုံးအ​ဆောင်​တွေဟာ Celine, Chanel နဲ့ Adidas တို့လို နာမည်ကြီးဖက်ရှင် brand ​တွေက ထုတ်ကုန်​တွေဖြစ်ပြီး အားလုံး​ပေါင်း ​ဒေါ်လာ ၈၀၀၀ က​နေ ၁၀၀၀၀ ဝန်းကျင်​လောက် တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။

​လေဆိပ်ကို ​ရောက်လာတဲ့အချိန်က​နေ ဂိတ်ကိုသွားတဲ့ လမ်းတစ်​လျှောက်မှာလည်း Jennie ဟာ မီဒီယာတွေ ပရိသတ်​​​တွေကို လက်ပြနှုတ်ဆက်ခဲ့ပြီး ပရိသတ်​တွေဆီ fly kiss ​နဲ့ အသည်းပုံ ​တွေကို အကြိမ်ကြိမ်​ပေးပို့​နေခဲ့ပါတယ်။

ပဲရစ်ကို သွားရ​ောက်ရမယ့် Jennie ကို ပရိသတ်များစွာ ​​လေဆိပ်ထိ လာ​ရောက်ကြည့်ရှုနှုတ်ဆက်ခဲ့ကြပြီး အချိန်ခဏ​လေးအတွင်းမှာပဲ သူမရဲ့ ​လေဆိပ်ကပုံ​တွေဟာ ဆိုရှယ်မီဒီယာ​တွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။

ပရိသတ်​တွေဟာ Jennie ဘယ်​လောက်ထိ ချစ်ဖို့​ကောင်း​ကြောင်း ​ပြောဆိုခဲ့ကြပြီး Jennie ဟာ ​လေဆိပ်ကို သူမရဲ့ ဖက်ရှင်​လျှောက်လမ်းအဖြစ် ​ပြောင်းလဲခဲ့တယ်လို့လည်း မှတ်ချက်​ပေး​နေကြပါတယ်။

“JENNIE AIRPORT RUNWAY” ဆိုတဲ့ စာသားဟာလည်း ပို့စ်​ပေါင်းသိန်းချီနဲ့အတူ Twitter မှာ worldwide trend အထိ ဝင်ခဲ့ပါတယ်။ Jennie တက်​​ရောက်ရမယ့် Chanel Collection Show ကို​တော့ လာမယ့် ​အောက်တိုဘာလ ၅ ရက်​နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Source : SBS Star
Photo : Twitter
Written : ZL